သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

နည္းပညာ အဆင့္အျမင့္ဆုံး ဗုံးႀကဲေလယာဥ္သစ္ အေမရိကန္ မိတ္ဆက္


US-MILITARY-BOMBER-B-21-ARMAMENT-ARMY

ေရဒါစနစ္နဲ႔ ဖမ္းလို႔ မမိႏိုင္တဲ့ ေနာက္ဆုံးေပၚ နည္းပညာ အဆင့္ျမင့္ ကိုယ္ေပ်ာက္ န်ဴကလီးယား ဗုံးႀကဲေလယာဥ္ကို ႏွစ္ေပါင္းမ်ားစြာ လွ်ိဳ႕ဝွက္ တည္ေဆာက္ခဲ့ၿပီးတဲ့ေနာက္ မေန႔က ေသာၾကာေန႔မွာ အေမရိကန္အစိုးရက ပထမဆုံးအႀကိမ္ မိတ္ဆက္လိုက္ပါတယ္။ ဒီဗုံးႀကဲေလယာဥ္ဟာ တိုင္းျပည္ကို ကာကြယ္ဖို႔၊ အေမရိကန္ျပည္သူေတြရဲ႕ ခိုင္မာတဲ့ စိတ္ပိုင္းျဖတ္မႈကို ေဖာ္ျပတဲ့ ျပယုဂ္တခု ျဖစ္ပါတယ္လို႔ အေမရိကန္ ကာကြယ္ေရး ဝန္ႀကီး Lloyd Austin က ျပပြဲအတြင္း ေျပာသြားပါတယ္။

“ႏွစ္ေပါင္း ၃၀ ေက်ာ္အတြင္း အေမရိကန္ရဲ႕ ပထမဆုံး မဟာဗ်ဴဟာေျမာက္ ဗုံးႀကဲေလယာဥ္ျဖစ္ပါတယ္။ အေမရိကန္ရဲ႕ ကိုယ္ပိုင္အစြမ္းနဲ႔ စမ္းသစ္တီထြင္မႈေတြ ဘယ္ေလာက္ ေရွ႕တန္းေရာက္ေနသလဲဆိုတာကို သက္ေသျပလိုက္တာ ျဖစ္ပါတယ္" ဆိုၿပီး ဝန္ႀကီး Austin ေျပာသြားတာပါ။

အနာဂတ္မွာ တ႐ုတ္နဲ႔ ပဋိပကၡ ျဖစ္လာႏိုင္တဲ့ စိုးရိမ္ခ်က္အေပၚ အေမရိကန္ရဲ႕ ျပင္ဆင္မႈ တစိတ္တပိုင္းအေနနဲ႔ ပင္တဂြန္စစ္ဌာနခ်ဳပ္က ဒီဗုံးႀကဲ ေလယာဥ္သစ္ကို ထုတ္ျပလိုက္တာလည္း ျဖစ္ပါတယ္။ B-21 Raider လို႔ နာမည္ေပးထားတဲ့ ဒီဗုံးႀကဲေလယာဥ္ဟာ ႏွစ္ေပါင္း ၃၀ ေက်ာ္အတြင္း ေနာက္ဆုံးေပၚ အဆင့္ျမင့္ဆုံး နည္းပညာေတြနဲ႔ အသစ္ထုတ္လုပ္တဲ့ ပထမဆုံး ဗုံးႀကဲေလယာဥ္ပါ။

မေန႔ ေသာၾကာေန႔က ကယ္လီဖိုးနီးယား ျပည္နယ္ Palmdale ၿမိဳ႕မွာ ဖိတ္ၾကားထားသူ တခ်ိဳ႕သာပါတဲ့ အခမ္းအနားမွာ ပထမဆုံးအႀကိမ္ ျပသခဲ့ပါတယ္။ ဒီေလယာဥ္ကို ဗာဂ်ီးနီးယားျပည္နယ္ အေျခစိုက္ Northdrop Grumman ေကာ္ပိုးေရးရွင္းက ထုတ္လုပ္ေနတာျဖစ္ၿပီး ေရွ႕ႏွစ္ထဲ ပထမဆုံးအႀကိမ္ ပ်ံသန္းဖို႔ စီစဥ္ထားပါတယ္။

==== Unicode ====

ရေဒါစနစ်နဲ့ ဖမ်းလို့ မမိနိုင်တဲ့ နောက်ဆုံးပေါ် နည်းပညာ အဆင့်မြင့် ကိုယ်ပျောက် နျူကလီးယား ဗုံးကြဲလေယာဉ်ကို နှစ်ပေါင်းများစွာ လျှို့ဝှက် တည်ဆောက်ခဲ့ပြီးတဲ့နောက် မနေ့က သောကြာနေ့မှာ အမေရိကန်အစိုးရက ပထမဆုံးအကြိမ် မိတ်ဆက်လိုက်ပါတယ်။ ဒီဗုံးကြဲလေယာဉ်ဟာ တိုင်းပြည်ကို ကာကွယ်ဖို့၊ အမေရိကန်ပြည်သူတွေရဲ့ ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်မှုကို ဖော်ပြတဲ့ ပြယုဂ်တခု ဖြစ်ပါတယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Lloyd Austin က ပြပွဲအတွင်း ပြောသွားပါတယ်။

“နှစ်ပေါင်း ၃၀ ကျော်အတွင်း အမေရိကန်ရဲ့ ပထမဆုံး မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ကိုယ်ပိုင်အစွမ်းနဲ့ စမ်းသစ်တီထွင်မှုတွေ ဘယ်လောက် ရှေ့တန်းရောက်နေသလဲဆိုတာကို သက်သေပြလိုက်တာ ဖြစ်ပါတယ်" ဆိုပြီး ဝန်ကြီး Austin ပြောသွားတာပါ။

အနာဂတ်မှာ တရုတ်နဲ့ ပဋိပက္ခ ဖြစ်လာနိုင်တဲ့ စိုးရိမ်ချက်အပေါ် အမေရိကန်ရဲ့ ပြင်ဆင်မှု တစိတ်တပိုင်းအနေနဲ့ ပင်တဂွန်စစ်ဌာနချုပ်က ဒီဗုံးကြဲ လေယာဉ်သစ်ကို ထုတ်ပြလိုက်တာလည်း ဖြစ်ပါတယ်။ B-21 Raider လို့ နာမည်ပေးထားတဲ့ ဒီဗုံးကြဲလေယာဉ်ဟာ နှစ်ပေါင်း ၃၀ ကျော်အတွင်း နောက်ဆုံးပေါ် အဆင့်မြင့်ဆုံး နည်းပညာတွေနဲ့ အသစ်ထုတ်လုပ်တဲ့ ပထမဆုံး ဗုံးကြဲလေယာဉ်ပါ။

မနေ့ သောကြာနေ့က ကယ်လီဖိုးနီးယား ပြည်နယ် Palmdale မြို့မှာ ဖိတ်ကြားထားသူ တချို့သာပါတဲ့ အခမ်းအနားမှာ ပထမဆုံးအကြိမ် ပြသခဲ့ပါတယ်။ ဒီလေယာဉ်ကို ဗာဂျီးနီးယားပြည်နယ် အခြေစိုက် Northdrop Grumman ကော်ပိုးရေးရှင်းက ထုတ်လုပ်နေတာဖြစ်ပြီး ရှေ့နှစ်ထဲ ပထမဆုံးအကြိမ် ပျံသန်းဖို့ စီစဉ်ထားပါတယ်။

XS
SM
MD
LG