သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားသူပုန် လက်နက် တပ်ဆင် လေ့ကျင့်ရေး ကန်ရပ်ဆိုင်း


IS စစ်သွေးကြွအဖွဲ့တွေကို တိုက်ခိုက်နေတဲ့ ဆီးရီးယားသူပုန်တွေ။
IS စစ်သွေးကြွအဖွဲ့တွေကို တိုက်ခိုက်နေတဲ့ ဆီးရီးယားသူပုန်တွေ။

IS စစ်သွေးကြွအဖွဲ့တွေကို တိုက်ခိုက်နေတဲ့ ဆီးရီးယားသူပုန်တွေကို သင်တန်းနဲ့ လက်နက် အကူအညီပေးနေတဲ့ ဒေါ်လာ သန်းပေါင်း ၅၀၀ ကုန်ကျမယ့် ပင်တဂွန် အစီအစဉ်ကို သမ္မတ အိုဘားမားအစိုးရက ဆိုင်းငံ့ထားလိုက်ပါတယ်။

စစ်ဆင်ရေးမှာတော့ အလယ်အလတ်သဘောထားရှိတဲ့ ဆီးရီးယား သူပုန်တွေကို ရွေးထုတ်ပြီး၊ ဂျော်ဒန်၊ ဆော်ဒီအာရေးဘီးယား၊ ကာတာနဲ့ အာရပ် စော်ဘွားများပြည်ထောင်စုတို့မှာ သင်တန်းတွေပို့ချမှာ ဖြစ်ပါတယ်။

အခုအခါ အစီအစဉ်ကို ရပ်ဆိုင်းထားမှာဖြစ်ပေမဲ့ - မြေပြင်က အခြေအနေတွေက - ပိုမို ကောင်းမွန်လာရင်တော့ အနာဂတ်မှာ အခွင့်အလန်း ရှိလာနိုင်ပါတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မူဝါဒရေးရာ လက်ထောက်ဝန်ကြီး က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

ဒီအစီအစဉ်အစား လေကြောင်းအကူအညီနဲ့ အခြေခံ အထောက်အကူပြု ပစ္စည်းနဲ့ အတိုက်အခံ အုပ်စု ခေါင်းဆောင်တွေအတွက် သင်တန်းတွေ ပေး သွားမှာဖြစ်တယ်လို့လည်း အိမ်ဖြူတော်အရာရှိတွေက ပြောဆိုပါတယ်။

တသီးပုဂ္ဂလ တိုက်ခိုက်ရေးသမား တဦးချင်းဆီကိုလည်း ဆန့်ကျင်ဘက် တိုက်ခိုက်ရေး ခေါင်းဆောင်တွေ ဖြစ်လာအောင် ပံ့ပိုးသွားမှာဖြစ်တယ် လို့လည်း သောကြာနေ့က သတင်းထောက်တွေကို ခရစ္စတင်း ဝေါမတ် က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG