သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

KNU ထိန္းခ်ဳပ္နယ္ေျမတြင္းဆႏၵျပပြဲ တပ္ဖြဲ႔ေတြနဲ႔ ဝန္းရံေပးခဲ့


KNU ထိန္းခ်ဳပ္နယ္ေျမတြင္းဆႏၵျပပြဲ တပ္ဖြဲ႔ေတြနဲ႔ ဝန္းရံေပးခဲ့

{{Zawgyi/Unicode}}

ကရင္ျပည္နယ္ ဖာပြန္ခရိုင္နဲ့ ဘားအံခရိုင္ေတြမွာ ကရင္လူထု ၄ ေသာင္းထက္မနည္းစစ္အာဏာရွင္ဆန့္က်င္ေရးဆႏၵထုတ္ေဖာ္ရာမွာ ေကအန္ယူ တပ္မ်ားက ၀န္းရံေပးခဲ့ႀကတဲ့သတင္းကုိ မေအးေအးမာက ေျပာျပေပးပါမယ္ ။

ကရင္ျပနယ္ဘားအံခရိုင္နဲ့ ကရင္လို့မူေႀတာ္ခရိုင္လုိ့ေခၚတဲ့ဖာပြန္ခရိုင္မွာေတာ့ကရင္လူငယ္ေတြကရင္ျပည္သူေတြ ေသာင္းနဲ့ခ်ီျပီး မတ္လ ၅ရက္ေန့မွာဆႏၵထုတ္ေဖာ္ေနႀကေႀကာင္းကရင္သတင္းစဥ္ရဲ ့အမူ ့ေဆာင္အယ္ဒီတာခ်ဳပ္ နန့္ေဖာေဂ ကအခုလိုေျပာျပပါတယ္။

"မူေႀတာ္ခရိုင္မွာလုပ္တာကေတာ့ စုစုေပါင္းလူထုက ၂ ေသာင္းနိီးပါးေလာက္ရွိတယ္လို့သိရတယ္။ ဘားအံခရိုင္မွာလည္း ၄ ေနရာလုပ္တယ္။ တခ်ိဳေနရာမွာ လူအင္အား ၅၀၀၀ ေလာက္ တခ်ိဳ ့ေနရာမွာ ၆၀၀၀ေလာက္ရွိတယ္ဆုိေတာ့ အဲဒီဘက္မွာလည္း ေသာင္းခ်ီလွဳပ္ရွားႀကတယ္။ ဘာအံျမိဳနယ္ထဲမွာလည္း ေကအန္ယူထိမ္းခ်ဳပ္တဲ့ေနရာမဟုတ္ေပမယ့္ ေက်းလက္ေတြမွာလည္းဆႏၵျပေနႀကတာလည္းရွိတယ္"။

ဖာပြန္ခရိုင္ ရဲ႔ ဆႏၵုျပလုွပ္ရွားမူကုိ ဦးေဆာင္တဲ့ ေစာစကုိင္း ကေတာ့ ဆႏၵထုတ္ေဖာ္ရတဲ့ ရည္ရြယ္ခ်က္ကုိအခုလိုေျပာျပပါတယ္။

"က်ေနာ္တို့စစ္အာဏာသိမ္းတာကို မေက်နပ္ဘူး။ ျပည္သူျပည္သားစုေပါင္းျပီးCDM လည္းလုပ္ႀကမယ္။ စစ္အာဏာရွင္စနစ္က်ဆံုးေရးကေတာ့နံပါတ္(၁)ပဲ။ ဖမ္းဆီးခံထားရတဲ့ေရြးေကာက္ခံ ကုိယ္စားလွယ္ေတြ ဆႏၵျပေက်ာင္းသားေတြျပည္သူျပည္သားေတြအႏုပညာရွင္ေတြ UEU ကုိယ္စားလွယ္ေတြ အျမန္ဆံုးလႊတ္ေပးဖို့ေတာင္းဆိုတယ္။ ၂၀၀၈ခုႏွစ္ဖဲြ ့စည္းပံုအလိုမရွိဘူး။ စစ္တပ္က အလိုက်လုပ္ထာတဲ့ဥပေဒကုိအျမန္ဖ်က္သိမ္းေပးရမယ္။ ဖယ္ဒရယ္ဖဲြ ့စည္းပံု နဲ့သင့္တင္တဲ့ ဖဲြစည္းပံဳအသစ္တခုကုိပဲရခ်င္တယ္။ စစ္တပ္စခန္းလူအခြင့္ေရးခ်ိဳးေဖာက္လုိ့ က်ေနာ္တို့ေဒသထဲမွာမရွိေစခ်င္ဘူး။ က်ေနာ္တို့နယ္ေျမကေနအျမန္ဆံုးရုပ္သိမ္းေပးဖုိ့ ကုလသမဂအဖဲြ ့အစည္းေတြက စစ္အာဏာသိမ္းတဲ့သူေတြနဲ့အလုပ္လုပ္တာမလိုခ်င္ဘူး"။

မတ္လ၅ ရက္ေနမွာ ေတာ့ ကရင္ျပည္နယ္အတြင္းက ဆႏၵျပလွဳပ္ရွားမူေတြကိုေတာ့ စစ္တပ္နဲ့ရဲက ပစ္ခတ္ျဖိဳခဲြတာမရွိေသးပါဘူး။ ေကအန္ယူလက္နက္ကိုင္ေတြကလည္း သူတို့ထိမ္းခ်ဳပ္ရာေဒသက လူထုကုိလံုျခံဳေရးယူေပးတာေတြ ့ရတယ္လို့လည္း နန္းေဖာေဂ ကေတာ့ေျပာျပပါတယ္။

" ေကအန္ယူထိမ္းခ်ဳပ္နယ္ေျမမွာေတာ့ေကအန္ယူက လံုျခံုေရး ယူေပးထားတာေတြရတယ္ ။တားတာဆီးတာမရွိဘူး။ တ်ိဳ ့ဘားအံခရိုင္မွာ တခ်ဳ ိ့ေကအန္ယူထိမ္းခ်ဳပ္တဲ့ေနရာေတြမဟုတ္ေပမယ့္ နယ္ျခားေစာင့္တပ္ေတြရွိတယ္။ ညိွႏွိုင္းထားတာလာ ဘာာလားေတာ့မသိဘူး ဘာမွအေႏွာက္ယွက္ေပးတာေတြေတာ့မေတြ ့ရဘူး"။

ကရင္ျပည္နယ္၊ ျမ၀တီျမိဳ့မွာဆႏၵျပထုတ္ေဖာ္ပဲြလုပ္ခဲ့တုန္းကေတာ့ ေသနတ္နဲ့ျဖိဳခဲြဖမ္းဆီးတာေတြရွိခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ေကအန္ယူက စစ္အုပ္ခ်ဳပ္ေရေးကာင္စီကိုလက္မခံေႀကာင္းနဲ့ သူတု့ိထိမ္းခ်ဳပ္ရာေဒသက လူထုေတြကိုအကာကြယ္ေပးမွာျဖစ္ေႀကာင္း ေျပာဆုိခဲ့ပါတယ္ရွင္။

..............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ကရင်ပြည်နယ် ဖာပွန်ခရိုင်နဲ့ ဘားအံခရိုင်တွေမှာ ကရင်လူထု ၄ သောင်းထက်မနည်းစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်ရာမှာ ကေအန်ယူ တပ်များက ဝန်းရံပေးခဲ့ကြတဲ့သတင်းကို မအေးအေးမာက ပြောပြပေးပါမယ် ။

ကရင်ပြနယ်ဘားအံခရိုင်နဲ့ ကရင်လို့ မူတြော်ခရိုင် လို့ခေါ်တဲ့ဖာပွန်ခရိုင်မှာတော့ကရင်လူငယ်တွေကရင်ပြည်သူတွေ သောင်းနဲ့ချီပြီး မတ်လ ၅ ရက်နေ့မှာဆန္ဒထုတ်ဖော်နေကြကြောင်းကရင်သတင်းစဉ်ရဲ့အမူ့ဆောင်အယ်ဒီတာချုပ် နန့်ဖောဂေ ကအခုလိုပြောပြပါတယ်။

"မူတြော်ခရိုင်မှာလုပ်တာကတော့ စုစုပေါင်းလူထုက ၂ သောင်းနီးပါးလောက်ရှိတယ်လို့သိရတယ်။ ဘားအံခရိုင်မှာလည်း ၄ နေရာလုပ်တယ်။ တချိုနေရာမှာ လူအင်အား ၅၀၀၀ လောက် တချို့နေရာမှာ ၆၀၀၀လောက်ရှိတယ်ဆိုတော့ အဲဒီဘက်မှာလည်း သောင်းချီလှုပ်ရှားကြတယ်။ ဘာအံမြိုနယ်ထဲမှာလည်း ကေအန်ယူထိမ်းချုပ်တဲ့နေရာမဟုတ်ပေမယ့် ကျေးလက်တွေမှာလည်းဆန္ဒပြနေကြတာလည်းရှိတယ်"။

ဖာပွန်ခရိုင် ရဲ့ ဆန္ဒုပြလုှပ်ရှားမူကို ဦးဆောင်တဲ့ စောစကိုင်း ကတော့ ဆန္ဒထုတ်ဖော်ရတဲ့ ရည်ရွယ်ချက်ကိုအခုလိုပြောပြပါတယ်။

"ကျနော်တို့စစ်အာဏာသိမ်းတာကို မကျေနပ်ဘူး။ ပြည်သူပြည်သားစုပေါင်းပြီးCDM လည်းလုပ်ကြမယ်။ စစ်အာဏာရှင်စနစ်ကျဆုံးရေးကတော့နံပါတ်(၁)ပဲ။ ဖမ်းဆီးခံထားရတဲ့ရွေးကောက်ခံ ကိုယ်စားလှယ်တွေ ဆန္ဒပြကျောင်းသားတွေပြည်သူပြည်သားတွေအနုပညာရှင်တွေ UEU ကိုယ်စားလှယ်တွေ အမြန်ဆုံးလွှတ်ပေးဖို့တောင်းဆိုတယ်။ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအလိုမရှိဘူး။ စစ်တပ်က အလိုကျလုပ်ထာတဲ့ဥပဒေကိုအမြန်ဖျက်သိမ်းပေးရမယ်။ ဖယ်ဒရယ်ဖွဲ့စည်းပုံ နဲ့သင့်တင်တဲ့ ဖွဲစည်းပုံအသစ်တခုကိုပဲရချင်တယ်။ စစ်တပ်စခန်းလူအခွင့်ရေးချိုးဖောက်လို့ ကျနော်တို့ဒေသထဲမှာမရှိစေချင်ဘူး။ ကျနော်တို့နယ်မြေကနေအမြန်ဆုံးရုပ်သိမ်းပေးဖို့ ကုလသမဂအဖွဲ့အစည်းတွေက စစ်အာဏာသိမ်းတဲ့သူတွေနဲ့အလုပ်လုပ်တာမလိုချင်ဘူး"။

မတ်လ၅ ရက်နေမှာ တော့ ကရင်ပြည်နယ်အတွင်းက ဆန္ဒပြလှုပ်ရှားမူတွေကိုတော့ စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲတာမရှိသေးပါဘူး။ ကေအန်ယူလက်နက်ကိုင်တွေကလည်း သူတို့ထိမ်းချုပ်ရာဒေသက လူထုကိုလုံခြုံရေးယူပေးတာတွေ့ရတယ်လို့လည်း နန်းဖောဂေ ကတော့ပြောပြပါတယ်။

" ကေအန်ယူထိမ်းချုပ်နယ်မြေမှာတော့ကေအန်ယူက လုံခြုံရေး ယူပေးထားတာတွေရတယ် ။တားတာဆီးတာမရှိဘူး။ တျို့ဘားအံခရိုင်မှာ တချု ိ့ကေအန်ယူထိမ်းချုပ်တဲ့နေရာတွေမဟုတ်ပေမယ့် နယ်ခြားစောင့်တပ်တွေရှိတယ်။ ညှိနှိုင်းထားတာလာ ဘာာလားတော့မသိဘူး ဘာမှအနှောက်ယှက်ပေးတာတွေတော့မတွေ့ရဘူး"။

ကရင်ပြည်နယ်၊ မြဝတီမြို့မှာဆန္ဒပြထုတ်ဖော်ပွဲလုပ်ခဲ့တုန်းကတော့ သေနတ်နဲ့ဖြိုခွဲဖမ်းဆီးတာတွေရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကေအန်ယူက စစ်အုပ်ချုပ်ရေေးကာင်စီကိုလက်မခံကြောင်းနဲ့ သူတု့ိထိမ်းချုပ်ရာဒေသက လူထုတွေကိုအကာကွယ်ပေးမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG