သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းသမ္မတ လွှတ်တော်ဖျက်သိမ်း


ယူကရိန်းသမ္မတ Petro Poroshenko
ယူကရိန်းသမ္မတ Petro Poroshenko

ယူကရိန်းနိုင်ငံသမ္မတ Petro Poroshenko က သူ့ရဲ့ ညွန့်ပေါင်းအစိုးရ ပြိုပျက်သွားပြီး တလအကြာမှာ လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီး စောစော ရွေးကောက်ပွဲကျင်းပဖို့ ပြောလိုက်ပါတယ်။

သူရဲ့လုပ်ဆောင်မှုဟာ အခြေခံဥပဒေနဲ့အညီ ပြုလုပ်တာဖြစ်တယ်လို့ မစ္စတာ Poroshenko က တနင်္လာနေ့မှာ ပြောဆိုပါတယ်။ ပါလီမန်အသစ်အတွက် ရွေးကောက်ပွဲကို အောက်တိုဘာလ ၂၆ ရက်နေ့မှာ ကျင်းပမယ်လို့ သူကပြောပါတယ်။

သမ္မတဟာ ပြီးခဲ့တဲ့ သတင်းပတ်အတွင်း ပါလီမန်ကိစ္စနဲ့ ပတ်သက်လို့ ပြုလုပ်မဲ့ ဆုံးဖြတ်ချက်တွေ မှန်သမျှဟာ ယူကရိန်း ပြည်သူတွေရဲ့ ဆန္ဒနဲ့ ကိုက်ညီရမယ်လို့ ပြောဆိုခဲ့ပါတယ်။ သူရဲ့ အခေါ်အဝေါ်အရ ပြည်သူတွေဟာ အုပ်ချုပ်ရေးကို အသစ်ကနေ ပြန်စဖို့ တောင်းဆိုနေကြတယ်လို့ ပြောခဲ့ပါတယ်။

တနင်္လာနေ့ စောစောပိုင်းတုန်းကတော့ မစ္စတာ Poroshenko က သူ့အနေနဲ့ရုရှားစစ်တပ်တွေ အရှေ့ပိုင်းကို ရွှေ့ပြောင်းနေတာနဲ့ ပတ်သက်ပြီး ထူးထူးကဲကဲ စိုးရိမ်စိတ်ဖြစ်နေရကြောင်း ပြောဆိုပါတယ်။

မစ္စတာ Poroshenko ဟာ ရုရှားသမ္မတ မစ္စတာ ပူတင် Vladimir Putin နဲ့ ဒီကနေ့ Minsk မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

XS
SM
MD
LG