သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၅ ႏွစ္ နဲ႔ ၁၁ ႏွစ္ၾကား ကေလးေတြကို ကိုဗစ္ကာကြယ္ေဆးထိုးႏိုင္ (Pfizer နဲ႔ BioNTech ေဆးဝါးလုပ္ငန္း)


နယူးေရာက္မွာ Pfizer နဲ႔ BioNTech ကာကြယ္ေဆးထိုးခံေနတဲ့ ၁၃ႏွစ္အရြယ္ လူငယ္တဦး (ေမလ ၁၃၊ ၂၀၂၁)

Pfizer နဲ႔ BioNTech တို႔ရဲ႕ ၂ ႀကိမ္ထိုးရတဲ့ Covid-19 ကာကြယ္ေဆးကို ထိုးေဆး ပမာဏေလွ်ာ့ခ် ထိုးႏွံမႈဟာ အသက္ ၅ ႏွစ္ကေန ၁၁ ႏွစ္ အ႐ြယ္ ကေလးငယ္ေတြ အတြက္ ေဘးကင္းၿပီး ထိေရာက္မႈ ရွိေၾကာင္း Pfizer နဲ႔ BioNTech ေဆးဝါး လုပ္ငန္းႀကီးေတြက တနလာေနၤ့မွာ ေျပာပါတယ္။

ထိုးေဆး ပမာဏ ေလွ်ာ့ၿပီး ကေလးငယ္ေတြကို ထိုးႏွံ စမ္းသပ္မႈမွာ ေကာင္းေကာင္း ခံႏိုင္ရည္ရွိၿပီး ခႏၲာကိုယ္တြင္း ပဋိပစၥည္း တုံ႔ျပန္မႈလည္း ရွိေၾကာင္း အေမရိကန္ ကုမၸဏီနဲ႔ ဂ်ာမနီ မိတ္ဖက္ BioNTech က ေျပာပါတယ္။ Pfizer ရဲ႕ Covid-19 ကာကြယ္ေဆးကို ကေလးေတြမွာ သုံးႏိုင္ေရး အတြက္ အေမရိကန္၊ ၿဗိတိန္နဲ႔ ဥေရာပ သမဂၢ တို႔ရဲ႕ ခြင့္ျပဳခ်က္ရဖို႔ မၾကာခင္မွာ ႀကိဳးစားမယ့္ အေၾကာင္း Pfizer ကလည္း ေျပာဆိုၿပီး ဒါဟာဆိုရင္ အေမရိကန္ရဲ႕ ကာကြယ္ေဆးထိုးႏွံေရး ေဆာင္႐ြက္မႈေတြ ပိုၿပီး က်ယ္ျပန႔္လာႏိုင္တာလည္း ျဖစ္ပါတယ္။

အေမရိကန္က အ႐ြယ္ေရာက္ၿပီးသူေတြထဲက သန္းခ်ီတဲ့ ျပည္သူေတြက Covid-19 ကာကြယ္ေဆး မထိုးၾကေပမယ္လို႔လည္း အခု အသက္ကန႔္သတ္ခ်က္မွာ အႀကဳံးဝင္မယ့္ ကေလးငယ္က ၂၈ သန္းေလာက္ ရွိေနတာပါ။ အေမရိကန္မွာ လူေပါင္း ၁၈၁ သန္းေက်ာ္ အျပည့္အ၀ ကာကြယ္ေဆးထိုးထားၿပီး ျဖစ္ေၾကာင္း ကူးစက္ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ေရး ဗဟိုဌာနက ေျပာဆိုထားေပမယ္လို႔လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အသက္ ၁၂ ႏွစ္နဲ႔ အထက္ ကာကြယ္ေဆး မထိုးသူက သန္း ၇၀ ရွိေနတာပါ။ Pfizer ရဲ႕ Covid-19 ကာကြယ္ေဆးကို အ႐ြယ္ေရာက္သူေတြမွာ ထိုးႏွံေပးတဲ့ ေဆးပမာဏရဲ႕ သုံးပုံ တပုံ အသုံးျပဳၿပီး မူလတန္းေက်ာင္းသား ၂,၂၀၀ ေက်ာ္နဲ႔ စမ္းသပ္ခဲ့ေၾကာင္း၊ ကေလးငယ္ သုံးပုံ ႏွစ္ပုံကို ကာကြယ္ေဆး ထိုးၿပီး က်န္တဲ့ ကေလးေတြကိုေတာ့ မိုးေရ ထိုးေပးခဲ့ေၾကာင္း ကုမၸဏီက ေျပာပါတယ္။

------------------

၅ နှစ် နဲ့ ၁၁ နှစ်ကြား ကလေးတွေကို ကိုဗစ်ကာကွယ်ဆေးထိုးနိုင် (Pfizer နဲ့ BioNTech ဆေးဝါးလုပ်ငန်း)

Pfizer နဲ့ BioNTech တို့ရဲ့ ၂ ကြိမ်ထိုးရတဲ့ Covid-19 ကာကွယ်ဆေးကို ထိုးဆေး ပမာဏလျှော့ချ ထိုးနှံမှုဟာ အသက် ၅ နှစ်ကနေ ၁၁ နှစ် အရွယ် ကလေးငယ်တွေ အတွက် ဘေးကင်းပြီး ထိရောက်မှု ရှိကြောင်း Pfizer နဲ့ BioNTech ဆေးဝါး လုပ်ငန်းကြီးတွေက တနလာင်္နေ့မှာ ပြောပါတယ်။

ထိုးဆေး ပမာဏ လျှော့ပြီး ကလေးငယ်တွေကို ထိုးနှံ စမ်းသပ်မှုမှာ ကောင်းကောင်း ခံနိုင်ရည်ရှိပြီး ခန္တာကိုယ်တွင်း ပဋိပစ္စည်း တုံ့ပြန်မှုလည်း ရှိကြောင်း အမေရိကန် ကုမ္ပဏီနဲ့ ဂျာမနီ မိတ်ဖက် BioNTech က ပြောပါတယ်။ Pfizer ရဲ့ Covid-19 ကာကွယ်ဆေးကို ကလေးတွေမှာ သုံးနိုင်ရေး အတွက် အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပ သမဂ္ဂ တို့ရဲ့ ခွင့်ပြုချက်ရဖို့ မကြာခင်မှာ ကြိုးစားမယ့် အကြောင်း Pfizer ကလည်း ပြောဆိုပြီး ဒါဟာဆိုရင် အမေရိကန်ရဲ့ ကာကွယ်ဆေးထိုးနှံရေး ဆောင်ရွက်မှုတွေ ပိုပြီး ကျယ်ပြန့်လာနိုင်တာလည်း ဖြစ်ပါတယ်။

အမေရိကန်က အရွယ်ရောက်ပြီးသူတွေထဲက သန်းချီတဲ့ ပြည်သူတွေက Covid-19 ကာကွယ်ဆေး မထိုးကြပေမယ်လို့လည်း အခု အသက်ကန့်သတ်ချက်မှာ အကြုံးဝင်မယ့် ကလေးငယ်က ၂၈ သန်းလောက် ရှိနေတာပါ။ အမေရိကန်မှာ လူပေါင်း ၁၈၁ သန်းကျော် အပြည့်အ၀ ကာကွယ်ဆေးထိုးထားပြီး ဖြစ်ကြောင်း ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး ဗဟိုဌာနက ပြောဆိုထားပေမယ်လို့လည်း အကြောင်းအမျိုးမျိုးကြောင့် အသက် ၁၂ နှစ်နဲ့ အထက် ကာကွယ်ဆေး မထိုးသူက သန်း ၇၀ ရှိနေတာပါ။ Pfizer ရဲ့ Covid-19 ကာကွယ်ဆေးကို အရွယ်ရောက်သူတွေမှာ ထိုးနှံပေးတဲ့ ဆေးပမာဏရဲ့ သုံးပုံ တပုံ အသုံးပြုပြီး မူလတန်းကျောင်းသား ၂,၂၀၀ ကျော်နဲ့ စမ်းသပ်ခဲ့ကြောင်း၊ ကလေးငယ် သုံးပုံ နှစ်ပုံကို ကာကွယ်ဆေး ထိုးပြီး ကျန်တဲ့ ကလေးတွေကိုတော့ မိုးရေ ထိုးပေးခဲ့ကြောင်း ကုမ္ပဏီက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG