သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖယ္ခံုတိုက္ပြဲမွာ ပါဝင္မႈမရွိေၾကာင္း PNLO ယတိျပတ္ျငင္းဆို


ရွမ္းျပည္ေတာင္ပိုင္း၊ ဖယ္ခံုၿမိဳ႕နယ္၊ လြယ္ဝွဲေက်းရြာေနအိမ္ မီး႐ိႈ႕ဖ်က္စီးခံရတဲ့ျမင္ကြင္း။ (ဓာတ္ပံု ဖယ္ခံု PDF/ ႏိုဝင္ဘာ ၃၊၂၀၂၁)

{{Zawgyi/Unicode}}

“စက္တင္ဘာ ၂၄ ရက္ေန႔မွာ က်ေရာက္တဲ့ ပအိုဝ္းအမ်ိဳးသားအာဇာနည္ေန႔ ထုတ္ျပန္ေၾကညာခ်က္ထဲမွာ က်ေနာ္တုိ႔က စစ္အာဏာရွင္စနစ္အပါအဝင္ အာဏာရွင္စနစ္ေတြကို ခ်ဳပ္ၿငိမ္းေစၿပီးေတာ့ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးကို လုပ္ရမယ္။ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးဆိုတာ က်ေနာ္တုိ႔ရဲ့ အမ်ိဳးသားေရး တာဝန္အေနနဲ႔ က်ေနာ္တုိ႔ ခံယူရမယ္။ အဲလုိ အမ်ိဳးသားေရး တာဝန္အေနနဲ႔ ခံယူၿပီးေတာ့ ပအို၀္းေဒသေခါင္းေဆာင္၊ အလႊာေခါင္းေဆာင္၊ ပအိုဝ္းလူထုတရပ္လံုးက ျပည္ေထာင္စုဖြား ညီေနာင္ တိုင္းရင္းသားလူမ်ိဳးေပါင္းစံု ျပည္သူလူထုနဲ႔ အတူ လက္တဲြေဖာ္ေဆာင္ဖို႔ ဆိုတာ က်ေနာ္တုိ႔ ထုတ္ျပန္ေၾကညာခဲ့တာ မၾကာေသးပါဘူး။ ဒီ စက္တင္ဘာ ၂၄ ရက္ေန႔က ထုတ္ျပန္ေၾကညာခဲ့ၿပီး ျဖစ္ပါတယ္။” (ခြန္ျမင့္ထြန္း-PNLO)


ၾကာသပေတးညဘက္မွာ ဗီြအိုေအကထုတ္လႊင့္ခဲ့တဲ့ ဖယ္ခံုတိုက္ပြဲသတင္းမွာ PNLO ယူနီေဖာင္းေတြ ေတြ႔ခဲ့ရတယ္ဆိုၿပီး မွားယြင္းထုတ္လႊင့္ခဲ့တဲ့အတြက္ ေတာင္းပန္ပါတယ္။ အဲဒီသတင္းနဲ႔ပတ္သက္ၿပီး PNLO တာဝန္ရွိသူကို ဆက္သြယ္ေမးျမန္းထားတာ နားဆင္ရပါမယ္။

ရွမ္းျပည္နယ္ေတာင္ပိုင္း ဖယ္ခံုၿမိဳ႕နယ္အတြင္း စစ္ေကာင္စီတပ္နဲ႔ ျပည္႔သူ႔ ကာကြယ္ေရး ပူးေပါင္းအဖဲြ႔ေတြအၾကား ျဖစ္ပြားတဲ့တိုက္ပဲြမွာ စစ္ေကာင္စီတပ္နဲ႔အတူ ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖဲြ႔ခ်ဳပ္ PNLO ပါဝင္တာ မရိွေၾကာင္း PNLO အဖဲြ႔က ဒီကေန႔ ျငင္းဆိုပါတယ္။ ပအိုဝ္းအမ်ိဳးသား လြတ္ေျမာက္ေရးအဖဲြ႔ခ်ဳပ္ PNLO ကို ပအိုဝ္းအမ်ိဳးသားအဖဲြ႔ခ်ဳပ္ PNO နဲ႔ မွားယြင္း ေဖာ္ျပတာျဖစ္ႏိုင္ေၾကာင္း ေထာက္ျပတာေတြရိွေပမဲ့ PNO ကလည္း ျငင္းဆိုထားပါတယ္။ ပအိုဝ္းလက္နက္ကိုင္အဖဲြ႔ေတြနဲ႔ ပတ္သက္ၿပီး ရန္ကုန္ကလာတဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။

ၾကာသပေတးေန႔က “စစ္တပ္နဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႔ၾကား သံုးရက္ဆက္ တိုက္ပြဲျဖစ္ေန” ဆိုတဲ့ ေခါင္းစဥ္နဲ႔ VOA က ထုတ္လႊင့္ခဲ့တဲ့ ဖယ္ခံုတိုက္ပဲြသတင္းမွာ “ေဒသခံကာကြယ္ေရးအဖြဲ႔ကုိ လာတိုက္ခိုက္တဲ့အထဲ စစ္ေကာင္စီနဲ႔ အတူ ပအိုဝ္းအမ်ဳိးသားလြတ္ေျမာက္ေရးအဖြဲ႔ခ်ဳပ္ (PNLO) က ပါႏိုင္တယ္လို႔လည္း ေဒသခံေတြက ခန္႔မွန္းပါတယ္” လို႔ ေဖာ္ျပခဲ့တာပါ။

ဒါနဲ႔ပတ္သက္ၿပီး ပအိုဝ္းအမ်ဳိးသားလြတ္ေျမာက္ေရးအဖြဲ႔ခ်ဳပ္ PNLO ရဲ့ ဒုဥကၠ႒ ခြန္ျမင့္ထြန္းက ျငင္းဆိုပါတယ္။

“VOA က ထုတ္လႊင့္သလို ဒီ ဖယ္ခံုတိုက္ပဲြမွာ က်ေနာ္တို႔ ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖဲြ႔ခ်ဳပ္က စစ္ေကာင္စီတပ္ေတြနဲ႔ အတူ ပူးေပါင္းေဆာင္ရြက္ တယ္ဆုိတာ လံုးဝ မဟုတ္ပါဘူး။ ဒါကို က်ေနာ္တို႔ အတိအလင္း ျငင္းဆိုပါတယ္။ ဒီလို မွားယြင္းေဖာ္ျပမႈနဲ႔ပတ္သက္လုိ႔ က်ေနာ္တုိ႔ အင္မတန္ စိတ္မေကာင္းျဖစ္ရပါတယ္။"

ဒီသတင္းနဲ႔ပတ္သက္လို႔ PNLO ရဲ႕နာယက ဦးခြန္ဥကၠာကို ဗီြအိုေအက ဖုန္းေခၚဆိုခဲ့ေပမဲ့ အဆက္အသြယ္မရခဲ့ပါဘူး။ ဒါေၾကာင့္ "PNLO ကိုေမးဖုိ႔ ႀကိဳးစားခဲ့ေပမယ့္ တုံ႔ျပန္မႈ မရေသးပါဘူး” လို႔ ေဖာ္ျပခဲ့ပါတယ္။

PNLO ရဲ့ ရပ္တည္ခ်က္နဲ႔ပတ္သက္လို႔ေတာ့ ခြန္ျမင့္ထြန္းက အခုလို ဆက္ေျပာပါတယ္။

“စက္တင္ဘာ ၂၄ ရက္ေန႔မွာ က်ေရာက္တဲ့ ပအိုဝ္းအမ်ိဳးသားအာဇာနည္ေန႔ ထုတ္ျပန္ေၾကညာခ်က္ထဲမွာ က်ေနာ္တုိ႔က စစ္အာဏာရွင္စနစ္အပါအဝင္ အာဏာရွင္စနစ္ေတြကို ခ်ဳပ္ၿငိမ္းေစၿပီးေတာ့ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးကို လုပ္ရမယ္။ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးဆိုတာ က်ေနာ္တုိ႔ရဲ့ အမ်ိဳးသားေရး တာဝန္အေနနဲ႔ က်ေနာ္တုိ႔ ခံယူရမယ္။ အဲလုိ အမ်ိဳးသားေရး တာဝန္အေနနဲ႔ ခံယူၿပီးေတာ့ ပအို၀္းေဒသေခါင္းေဆာင္၊ အလႊာေခါင္းေဆာင္၊ ပအိုဝ္းလူထုတရပ္လံုးက ျပည္ေထာင္စုဖြား ညီေနာင္ တိုင္းရင္းသားလူမ်ိဳးေပါင္းစံု ျပည္သူလူထုနဲ႔ အတူ လက္တဲြေဖာ္ေဆာင္ဖို႔ ဆိုတာ က်ေနာ္တုိ႔ ထုတ္ျပန္ေၾကညာခဲ့တာ မၾကာေသးပါဘူး။ ဒီ စက္တင္ဘာ ၂၄ ရက္ေန႔က ထုတ္ျပန္ေၾကညာခဲ့ၿပီး ျဖစ္ပါတယ္။”

ႏိုဝင္ဘာလ ၄ ရက္ေန႔ သတင္းထုတ္လႊင့္ခ်က္မွာ ပအိုဝ္းအမ်ိဳးသား လြတ္ေျမာက္ေရးအဖဲြ႔ခ်ဳပ္ PNLO ကို ပအို၀္းအမ်ိဳးသားအဖဲြ႔ခ်ဳပ္ PNO နဲ႔ မွားယြင္း ေဖာ္ျပတာျဖစ္ႏိုင္ေၾကာင္းလည္း ေထာက္ျပထားပါတယ္။

ၿပီးခဲ့တဲ့လေတြက လြိဳင္ေကာ္နဲ႔ ဒီးေမာ့ဆိုဘက္ ျဖစ္ပြားတိုက္ပဲြေတြမွာ ဦးေအာင္ခမ္းထီဦးေဆာင္တဲ့ ပအို၀္းအမ်ိဳးသားအဖဲြ႔ခ်ဳပ္ PNO ရဲ့ အသြင္ေျပာင္း ဌာေနျပည္သူ႔စစ္ေတြ ပါဝင္တယ္ဆိုတဲ့သတင္းေတြ ထြက္ေပၚခဲ့ဖူးပါတယ္။

ဖယ္ခံုတိုက္ပဲြနဲ႔႔ပတ္သက္ၿပီး ေဒသခံေတြ ေျပာသလို PNO တပ္ဖဲြ႔ဝင္ေတြ ပါဝင္သလားဆိုတဲ့အေပၚမွာေတာ့ PNO အသြင္ေျပာင္း ဌာေနျပည္သူ႔စစ္ရဲ့ ေျပာေရးဆိုခြင့္ရိွသူ ဗိုလ္မွဴးခြန္သန္းႂကြယ္က အခုလို ေျပာပါတယ္။

“ဖယ္ခံုဘက္မွာ က်ေနာ္တုိ႔မပါဘူးဗ်။ က်ေနာ္တုိ႔ နယ္ေျမထဲမွာပဲ က်ေနာ္တုိ႔၊ က်န္တဲ့ေနရာမွာေတာ့ က်ေနာ္တုိ႔ မပါဘူး။ ၿပီးခဲ့တဲ့ လြိဳင္ေကာ္ဘက္မွာလည္း ပါတယ္။ အရင္ကဆို ဒီးေမာ့ဆုိထိ ၆ မိုင္ထိေတာင္ ဆင္းတယ္ ဘာညာ..။အရင္ ၿပီးခဲ့တဲ့ ၄- ၅- ၆ လကေတာင္ ေျပာတာေကာ။ က်ေနာ္တို႔ တပ္ဖဲြ႔ဝင္က အဲဒီထိလည္းမေရာက္ဘူး။ ကိုယ့္နယ္ေျမနဲ႔ကိုယ္ပဲ လံုၿခံဳေရးကာၿပီးေတာ့မွ က်န္တဲ့အပိုင္းေတြ မပါဘူး။ အဲဒီ က႑ေလးေတြက။ က်ေနာ္တုိ႔ လည္း အဲဒီကယားဘက္မွာေတာ့ က်ေနာ္တို႔ နယ္ေျမေက်ာ္တာလည္း မရိွဘူး။ အခုလက္ရိွအေနအထားလည္း မရိွဘူး။ အရင္တုန္းကလည္း မရိွဘူး။ ေနာက္ဆုိလည္း ရိွမွာလည္း မဟုတ္ဘူး။ က်ေနာ္တုိ႔ နယ္ေျမထဲမွာပဲ က်ေနာ္တုိ႔ ေနတာကို။ လံုၿခံဳေရးအပိုင္းမွာက။”

ဦးေအာင္ခမ္းထီဦးေဆာင္တဲ့ ပအိုဝ္းအမ်ိဳးသားအဖဲြ႔ခ်ဳပ္ PNO ဟာ ၁၉၉၁ ခုႏွစ္မွာ စစ္အစိုးရနဲ႔ အပစ္အခတ္ရပ္ခဲ့ၿပီးတဲ့ေနာက္ ၂၀၀၉ ခုႏွစ္ေနာက္ပိုင္းမွာ PNO ကို ႏိုင္ငံေရးပါတီအျဖစ္ မွတ္ပံုတင္ခဲ့ၿပီး လက္နက္ကိုင္အဖဲြ႔ျဖစ္တဲ့ PNA ကို တပ္မေတာ္ရဲ့ ကြပ္ကဲမႈေအာက္ ဌာေနျပည္သူ႔စစ္အျဖစ္ အသြင္ေျပာင္းခဲ့ပါတယ္။

ဗိုလ္မွဴးႀကီးခြန္ဥကၠာ၊ ခြန္ျမင့္ထြန္းနဲ႔ ခြန္သူရိန္တို႔ ဦးေဆာင္တဲ့ ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖဲြ႔ခ်ဳပ္ PNLO ကိုေတာ့ ထုိင္း-ျမန္မာနယ္စပ္ေဒသမွာ ၂၀၀၉ ခုႏွစ္က ဖဲြ႔စည္းခဲ့ၿပီး ၂၀၁၅ ခုႏွစ္မွာ NCA အပစ္ရပ္စာခ်ဳပ္ခ်ဳပ္ဆို ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


***************

{Unicode}

ဖယ်ခုံတိုက်ပွဲမှာ ပါဝင်မှုမရှိကြောင်း PNLO ယတိပြတ်ငြင်းဆို

“စက်တင်ဘာ ၂၄ ရက်နေ့မှာ ကျရောက်တဲ့ ပအိုဝ်းအမျိုးသားအာဇာနည်နေ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ကျနော်တို့က စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်တွေကို ချုပ်ငြိမ်းစေပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လုပ်ရမယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတာ ကျနော်တို့ရဲ့ အမျိုးသားရေး တာဝန်အနေနဲ့ ကျနော်တို့ ခံယူရမယ်။ အဲလို အမျိုးသားရေး တာဝန်အနေနဲ့ ခံယူပြီးတော့ ပအိုဝ်းဒေသခေါင်းဆောင်၊ အလွှာခေါင်းဆောင်၊ ပအိုဝ်းလူထုတရပ်လုံးက ပြည်ထောင်စုဖွား ညီနောင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုနဲ့ အတူ လက်တွဲဖော်ဆောင်ဖို့ ဆိုတာ ကျနော်တို့ ထုတ်ပြန်ကြေညာခဲ့တာ မကြာသေးပါဘူး။ ဒီ စက်တင်ဘာ ၂၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။”(ခွန်မြင့်ထွန်း-PNLO)


ကြာသပတေးညဘက်မှာ ဗွီအိုအေကထုတ်လွှင့်ခဲ့တဲ့ ဖယ်ခုံတိုက်ပွဲသတင်းမှာ PNLO ယူနီဖောင်းတွေ တွေ့ခဲ့ရတယ်ဆိုပြီး မှားယွင်းထုတ်လွှင့်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ အဲဒီသတင်းနဲ့ပတ်သက်ပြီး PNLO တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းထားတာ နားဆင်ရပါမယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပြည့်သူ့ ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေအကြား ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့အတူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ပါဝင်တာ မရှိကြောင်း PNLO အဖွဲ့က ဒီကနေ့ ငြင်းဆိုပါတယ်။ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO နဲ့ မှားယွင်း ဖော်ပြတာဖြစ်နိုင်ကြောင်း ထောက်ပြတာတွေရှိပေမဲ့ PNO ကလည်း ငြင်းဆိုထားပါတယ်။ ပအိုဝ်းလက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီး ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ကြာသပတေးနေ့က “စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ကြား သုံးရက်ဆက် တိုက်ပွဲဖြစ်နေ” ဆိုတဲ့ ခေါင်းစဉ်နဲ့ VOA က ထုတ်လွှင့်ခဲ့တဲ့ ဖယ်ခုံတိုက်ပွဲသတင်းမှာ “ဒေသခံကာကွယ်ရေးအဖွဲ့ကို လာတိုက်ခိုက်တဲ့အထဲ စစ်ကောင်စီနဲ့ အတူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က ပါနိုင်တယ်လို့လည်း ဒေသခံတွေက ခန့်မှန်းပါတယ်” လို့ ဖော်ပြခဲ့တာပါ။

ဒါနဲ့ပတ်သက်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ငြင်းဆိုပါတယ်။

“VOA က ထုတ်လွှင့်သလို ဒီ ဖယ်ခုံတိုက်ပွဲမှာ ကျနော်တို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က စစ်ကောင်စီတပ်တွေနဲ့ အတူ ပူးပေါင်းဆောင်ရွက် တယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။ ဒါကို ကျနော်တို့ အတိအလင်း ငြင်းဆိုပါတယ်။ ဒီလို မှားယွင်းဖော်ပြမှုနဲ့ပတ်သက်လို့ ကျနော်တို့ အင်မတန် စိတ်မကောင်းဖြစ်ရပါတယ်။"

ဒီသတင်းနဲ့ပတ်သက်လို့ PNLO ရဲ့နာယက ဦးခွန်ဥက္ကာကို ဗွီအိုအေက ဖုန်းခေါ်ဆိုခဲ့ပေမဲ့ အဆက်အသွယ်မရခဲ့ပါဘူး။ ဒါကြောင့် "PNLO ကိုမေးဖို့ ကြိုးစားခဲ့ပေမယ့် တုံ့ပြန်မှု မရသေးပါဘူး” လို့ ဖော်ပြခဲ့ပါတယ်။

PNLO ရဲ့ ရပ်တည်ချက်နဲ့ပတ်သက်လို့တော့ ခွန်မြင့်ထွန်းက အခုလို ဆက်ပြောပါတယ်။

“စက်တင်ဘာ ၂၄ ရက်နေ့မှာ ကျရောက်တဲ့ ပအိုဝ်းအမျိုးသားအာဇာနည်နေ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ကျနော်တို့က စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်တွေကို ချုပ်ငြိမ်းစေပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လုပ်ရမယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတာ ကျနော်တို့ရဲ့ အမျိုးသားရေး တာဝန်အနေနဲ့ ကျနော်တို့ ခံယူရမယ်။ အဲလို အမျိုးသားရေး တာဝန်အနေနဲ့ ခံယူပြီးတော့ ပအိုဝ်းဒေသခေါင်းဆောင်၊ အလွှာခေါင်းဆောင်၊ ပအိုဝ်းလူထုတရပ်လုံးက ပြည်ထောင်စုဖွား ညီနောင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုနဲ့ အတူ လက်တွဲဖော်ဆောင်ဖို့ ဆိုတာ ကျနော်တို့ ထုတ်ပြန်ကြေညာခဲ့တာ မကြာသေးပါဘူး။ ဒီ စက်တင်ဘာ ၂၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။”

နိုဝင်ဘာလ ၄ ရက်နေ့ သတင်းထုတ်လွှင့်ချက်မှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO နဲ့ မှားယွင်း ဖော်ပြတာဖြစ်နိုင်ကြောင်းလည်း ထောက်ပြထားပါတယ်။

ပြီးခဲ့တဲ့လတွေက လွိုင်ကော်နဲ့ ဒီးမော့ဆိုဘက် ဖြစ်ပွားတိုက်ပွဲတွေမှာ ဦးအောင်ခမ်းထီဦးဆောင်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ရဲ့ အသွင်ပြောင်း ဌာနေပြည်သူ့စစ်တွေ ပါဝင်တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။
ဖယ်ခုံတိုက်ပွဲနဲ့ပတ်သက်ပြီး ဒေသခံတွေ ပြောသလို PNO တပ်ဖွဲ့ဝင်တွေ ပါဝင်သလားဆိုတဲ့အပေါ်မှာတော့ PNO အသွင်ပြောင်း ဌာနေပြည်သူ့စစ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခွန်သန်းကြွယ်က အခုလို ပြောပါတယ်။

“ဖယ်ခုံဘက်မှာ ကျနော်တို့မပါဘူးဗျ။ ကျနော်တို့ နယ်မြေထဲမှာပဲ ကျနော်တို့၊ ကျန်တဲ့နေရာမှာတော့ ကျနော်တို့ မပါဘူး။ ပြီးခဲ့တဲ့ လွိုင်ကော်ဘက်မှာလည်း ပါတယ်။ အရင်ကဆို ဒီးမော့ဆိုထိ ၆ မိုင်ထိတောင် ဆင်းတယ် ဘာညာ..။အရင် ပြီးခဲ့တဲ့ ၄- ၅- ၆ လကတောင် ပြောတာကော။ ကျနော်တို့ တပ်ဖွဲ့ဝင်က အဲဒီထိလည်းမရောက်ဘူး။ ကိုယ့်နယ်မြေနဲ့ကိုယ်ပဲ လုံခြုံရေးကာပြီးတော့မှ ကျန်တဲ့အပိုင်းတွေ မပါဘူး။ အဲဒီ ကဏ္ဍလေးတွေက။ ကျနော်တို့ လည်း အဲဒီကယားဘက်မှာတော့ ကျနော်တို့ နယ်မြေကျော်တာလည်း မရှိဘူး။ အခုလက်ရှိအနေအထားလည်း မရှိဘူး။ အရင်တုန်းကလည်း မရှိဘူး။ နောက်ဆိုလည်း ရှိမှာလည်း မဟုတ်ဘူး။ ကျနော်တို့ နယ်မြေထဲမှာပဲ ကျနော်တို့ နေတာကို။ လုံခြုံရေးအပိုင်းမှာက။”

ဦးအောင်ခမ်းထီဦးဆောင်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ဟာ ၁၉၉၁ ခုနှစ်မှာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်ခဲ့ပြီးတဲ့နောက် ၂၀၀၉ ခုနှစ်နောက်ပိုင်းမှာ PNO ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့ပြီး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ PNA ကို တပ်မတော်ရဲ့ ကွပ်ကဲမှုအောက် ဌာနေပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခဲ့ပါတယ်။
ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ခွန်မြင့်ထွန်းနဲ့ ခွန်သူရိန်တို့ ဦးဆောင်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကိုတော့ ထိုင်း-မြန်မာနယ်စပ်ဒေသမှာ ၂၀၀၉ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ NCA အပစ်ရပ်စာချုပ်ချုပ်ဆို ခဲ့ပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း

***************

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG