သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ အရှေ့ပိုင်း “Phailin” မုန်တိုင်း ဝင်ပြီ


တနာရီလေတိုက်နှုန်း ၁၂၅ မိုင်လောက်နဲ့ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းတခု အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတမ်းကို စနေနေ့က
ဝင်ရောက် တိုက်ခတ်ပါတယ်။

ဘင်္ဂလားပင်လယ်အော်ကနေဝင်ရောက်လာတဲ့ Phailin မုန်တိုင်းဟာ သြရဿ ပြည်နယ်ကို စနေနေ့ နှောင်းပိုင်းက ဝင်ရောက်လာတာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ မနက်ဘက်ရောက်တဲ့အထိ လေပြင်းတိုက်ခတ်နေမယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းပါတယ်။ ကုန်းတွင်းပိုင်းကို ဆက်ပြီး ရွေ့လျားသွားတဲ့ မုန်တိုင်းနဲ့အတူ လေပြင်းတိုက်ခတ်မှုကြောင့် ၃ ယောက်ထက်မနည်း သေဆုံးတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လေပြင်းမုန်တိုင်းကြောင့် သစ်ပင်တွေ အမြစ်ကနေ ကျွတ်ထွက်၊ ဓာတ်အားလိုင်းတွေ ကျိုးကျခဲ့သလို ကမ်းရိုးတမ်းဒေသက အိမ်တွေ ထိခိုက်
ပျက်စီးခဲ့ပါတယ်။ မုန်တိုင်းဖြတ်သွားမယ့်လမ်းကြောင်းတလျှောက်က တဲအိမ်တွေ၊ အဆောက်အဦးတွေအနေနဲ့ လေပြင်းဒဏ်ကို ခံနိုင်မှာ မဟုတ်ဘူးလို့ သဘာဝဘေးဒဏ် စီမံခန့်ခွဲရေးကော်မရှင်နာ T Radha က စနေနေ့က ပြောကြားခဲ့ပါတယ်။

မြေနိမ့်ပိုင်းဒေသတွေလည်း ရေလွှမ်းနိုင်တယ်လို့ သူက ပြောပါတယ်။ အိန္ဒိယနိုင်ငံသမိုင်းမှာ အင်အားအပြင်းဆုံးဖြစ်မယ်လို့ ခန့်မှန်းထားတဲ့ Phailin မုန်တိုင်းကြောင့် လူပေါင်း ၅ သိန်းနီးပါးကို တာဝန်ရှိသူတွေက ဘေးကင်းရာကို ပြောင်းရွှေ့ပေးထားပါတယ်။ မြန်မာနိုင်ငံရဲ့ အနောက်ပိုင်းမှာ
တည်ရှိတဲ့ သြရစ်ဿပြည်နယ်ဖက်ကို ခုလို အင်အားပြင်း မုန်တိုင်းဝင်ရောက်နေပေမယ့် မြန်မာနိုင်ငံဘက်ကိုတော့ သက်ရောက်မှုမရှိနိုင်ဘူးလို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောပါတယ်ရှင်။
XS
SM
MD
LG