သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖူးကတ်ကမ်းခြေ သင်္ဘောနှစ်စင်းတိမ်းမှောက်


ထိုင်းနိုင်ငံတောင်ပိုင်းက အပမ်းဖြေမြို့ဖြစ်တဲ့ ဖူးကတ်ကမ်းခြေ ပင်လယ်ပြင်မှာ ရာသီဥတုကြမ်းတမ်းရာက ခရီးသွား ၁၃၀ ကျော် လိုက်ပါသွားတဲ့ သင်္ဘော ၂ စင်း တိမ်းမှောက်ခဲ့ပြီး အနည်းဆုံး လူ ၇ ဦးပျောက်ဆုံးနေကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

သင်္ဘောတစင်းပေါ်က လူပေါင်း ၉၀ ကို ကယ်တင်နိုင်ခဲ့ပေမဲ့ ၇ ယောက်ကတော့ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖူးခတ်ခရိုင် ရဲမှူး Teerapol Tipcharoen ကပြောဆိုခဲ့တာပါ။ မနေ့ညနေပိုင်းမှာ တိမ်းမှောက်ခဲ့တဲ့ သင်္ဘောပေါ်မှာတော့ တရုတ်နိုင်ငံသား ခရီးသွားတွေ စီးနင်းလိုက်ပါခဲ့ကြောင်းလည်း ပြောပါတယ်။

တရုတ်နဲ့ ဥရောပက ခရီးသွား ၃၉ ယောက်ပါဝင်တဲ့ နောက်သင်္ဘောတစင်းပေါ်က ခရီးသွားတွေကတော့ သင်္ဘောကနေ အရေးပေါ် စွန့်ခွာခဲ့ကြရပြီးနောက် ကယ်ဆယ်ပြီးကမ်းပေါ်ကို ပို့ဆောင်ပေးလိုက်ကြောင်းလည်း ခရိုင်ရဲမှူးကပြောပါတယ်။ လှိုင်းလေကြီးနေတဲ့ ပင်လယ်ပြင်မှာ ငါးဖမ်းစက်လှေတချို့ အနီးအနားမှာရှိနေပြီး၊ အသက်ကယ် ရာဘာလှေတွေပေါ်မှာ လိုက်ပါလာတဲ့ အရေးပေါ် ကယ်ဆယ်လာသူတွေရဲ့ ဓာတ်ပုံတွေကိုလည်း ဒေသခံသတင်းဌာနတွေက ဖော်ပြခဲ့ကြတာပါ။ သင်္ဘောတိမ်းမှောက်မှု ၂ ခု ဆက်စပ်မှုရှိတယ်လို့တော့ သတင်းမကြားရပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG