သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့် ရေကြီး


<span id="result_box" lang="zh-TW"><span title="2013年5月7日,在孟加拉国达卡郊外的萨瓦镇,救援人员从倒塌的服装厂大楼废墟中抬出一名死难者的遗体。">2013年5月7日,在孟加拉國達卡郊外的薩瓦鎮,救援人員從倒塌的服裝廠大樓廢墟中抬出一名死難者的遺體。</span></span>
<span id="result_box" lang="zh-TW"><span title="2013年5月7日,在孟加拉国达卡郊外的萨瓦镇,救援人员从倒塌的服装厂大楼废墟中抬出一名死难者的遗体。">2013年5月7日,在孟加拉國達卡郊外的薩瓦鎮,救援人員從倒塌的服裝廠大樓廢墟中抬出一名死難者的遺體。</span></span>

မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းထွက်ရာ ကချင်ပြည်နယ် ဖားကန့်မြို့မှာ မိုးမပြတ် ရွာနေတာကြောင့် ရပ်ကွက် အတော်များများဟာ ရေလွှမ်းမိုးနေပြီး အနီးအနား ဒေသတွေနဲ့ ဆက်သွယ်ဖို့ အခက်အခဲတွေ တွေ့ကြုံနေရပါတယ်။ ဆက်လက်ပြီး မိုးကြီး ရေလျှံမယ်ဆိုရင် အရင်နှစ်တွေလို မြေစာပုံတွေ ပြိုမှာ၊ ပိမှာကို ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။ ဖားကန့်ဒေသမှာ စက်ယန္တရားတွေနဲ့ ကျောက်စိမ်းတူးဖော်တာကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုရဲ့ နောက်ဆက်တွဲ အခြေအနေတွေကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ နေ့စဉ်ရက်ဆက် မိုးကြီးပြီဆိုရင် ရေလွှမ်းမိုးတာ၊ မြေပြိုတာတွေဟာ နှစ်တိုင်းလို ဖြစ်ပျက်နေခဲ့တာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာလည်း မိုးဆက်တိုက်ရွာတာကြောင့် ဖားကန့်မြို့က ရပ်ကွက် အတော်များများဟာ ရေလွှမ်းမိုးခဲ့ရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“မိုးကလည်း ကျနော်တို့ဆီက မပြတ်တာကို ၁၀ ရက်ကျော်လောက် ရှိနေပြီဆိုတော့ တက်လိုက်ကျလိုက်၊ တက်လိုက်ကျလိုက်နဲ့ ၁၀ ရက်ကျော်လောက် ရှိနေပြီလေ။ မိုးက များတာနဲ့ ချောင်းက ကောနေတာနဲ့ ရေက မဆင်းနိုင်ဘူး ဖြစ်နေတာလေ။ အခုထိကိုပဲ တက်နေတယ် ရေက။ ကျနော့်အိမ်အောက် ရေပြန်ရောက်နေပြီ။ ဖားကန့်၊ လုံးခင်း၊ ဆိတ်မူ ဒါ့အပြင်ကို မြို့ပေါ်ရပ်ကွက်တွေကတော့ အကုန်မြုပ်ပဲလေ။”

စက်ယန္တရားတွေနဲ့ ကျောက်စိမ်းတူးဖော်ရာက ထွက်ရှိတဲ့ မြေစာတွေကို ဖားကန့်မြို့အနီးမှာ စွန့်ပစ်ထားတာကြောင့် ဒီထက် မိုးများလာရင် မြေပြိုမှာကိုလည်း စိုးရိမ်နေကြရတယ်လို့ သူက ဆက်ပြောပါတယ်။

“နွေပိုင်းတုန်းက ပစ်ထားတဲ့ မြေစာတွေက ကျနော်တို့ ဖားကန့်မြို့နဲ့ ပတ်ပတ်လည် အများကြီးလေ။ မြေစာတွေကလည်း နည်းတာတွေ မဟုတ်ဘူး၊ ကားတွေနဲ့ ပစ်ထားတာလေ။ နောက် မိုးက များဦးမှာ၊ ဒီ့ထက်များပြီ ဆိုတဲ့အခါကျ အဲဒါတွေ လျှောကျတာတွေတို့၊ ကမ်းပါးမှာ နေတဲ့ဟာတွေက ဘာဖြစ်တာ ညာဖြစ်တာတွေက လာဦးမှာ။ လူထုကတော့ အခြေအနေအရပဲ ကြည့်နေရတာပေါ့။ ရေလေး နည်းနည်းတက်လာပြီတဲ့၊ မိုးများပြီတဲ့ဆို လွတ်ရာကျွတ်ရာ သွားနေ ရှောင်နေ အဲလို လုပ်ရတာပေါ့။”

အခုလို ဖားကန့်ဒေသမှာ ရေကြီးနေတာကြောင့် ဆိုင်းတောင်နဲ့ လုံးခင်းဘက် သွားတဲ့ ကားလမ်းတွေလည်း ရေလွှမ်းတာတွေ ရှိနေပြီး တချို့နေရာတွေမှာ စက်လှေနဲ့ သွားလာနေရပါတယ်။

ဒီအခြေအနေတွေကြောင့် ကြုံတွေ့ရတဲ့ အခက်အခဲကိုတော့ ဒေသခံ အမျိုးသမီး တယောက်က အခုလို ပြောပါတယ်။

“ကျောင်းသူ ကျောင်းသားတွေအတွက်၊ ပြောမယ်ဆို မှော်ကနေ လာတဲ့သူတွေ အတွက်က အခက်အခဲ ရှိပါတယ်။ ရေတအားကြီးတဲ့ အချိန်တော့ ထွက်လို့ မရဘူးပေါ့။ ကုန်ဈေးနှုန်းတွေကတော့ အခုတလော ဈေးတက်နေပါတယ်။ ဆီဈေးတွေနဲ့ ကုန်ခြောက်ဈေးတွေကတော့ ကားလမ်းတွေ အသွားအလာ နည်းနည်းခက်တော့ တက်ပါတယ်။”

ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့က ကိုဆားဂျီးကတော့ ဖားကန့်ဒေသမှာ ကျောက်စိမ်းကို စက်ယန္တရားတွေနဲ့ အကြီးအကျယ် တူးဖော်တာကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးပြီး အခုလို ရေကြီးတာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ဖားကန့်ဒေသမှာ ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်း လုပ်တဲ့ဟာက အရင်တုန်းက တပိုင်တနိုင်လုပ်တဲ့ အချိန်မှာ သိပ်ကိစ္စမရှိဘူး။ အခု စက်ယန္တရားကြီးနဲ့ လုပ်လိုက်တဲ့ အချိန်မှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုက အင်မတန်မှ များပြားနေတယ်။ တောင်တွေက မြေပြန့်ဖြစ်သွားတာ၊ မြေပြန့်နေရာမှာက ဒီချိုင့်ခွက်ပေ့ါ၊ တောင်ချိုင့်နေရာမှာက မြေစာပုံတွေနဲ့ ပြန်ပြည့်သွားတယ်။ သွားလာတဲ့ ရေလမ်းကြောင်းတွေလည်း ပိတ်သွားတယ်။ သဘာဝဆိုတာ ဘာမှ မရှိတော့ဘူးလေ။ အဲဒါကြောင့် တောင်ပြိုခြင်း၊ ကမ်းပါးပြိုခြင်း၊ ရေကြီးခြင်း ဒါမျိုးက အမြဲတမ်း ဖြစ်နေတာပဲ ဖားကန့်ဒေသမှာ။”

ဒေသခံတွေကလည်း မိုးများများရွာရင် ကျောက်တွင်းကထွက်တဲ့ မြေစာတွေက ရေနဲ့အတူ ဥရုချောင်းအတွင်း မျောကျလာတာမို့ ချောင်းကောပြီး ရေမစီးဆင်းနိုင်တာကြောင့် ရေကြီး ရေလျှံတာ၊ ကမ်းပါးပြိုတာတွေ ဖြစ်တာလို့ ပြောကြပါတယ်။

ဖားကန့်ဒေသမှာ ရေကြီးပြီး မြေပြိုတာကြောင့် ၂၀၀၈ ခုနှစ်မှာ အနည်းဆုံး လူ ၁၄ ယောက် သေဆုံးခဲ့ရပြီး အရင်နှစ်ကတော့ ၂၄ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။ ဒေသခံတွေကတော့ ၂၄ ယောက်ထက် မကနိုင်ဘူးလို့လည်း အဲဒီအချိန်က သုံးသပ်ပါတယ်။ ဒီလို အသေအပျောက် များခဲ့တဲ့ အရင်နှစ် ဇူလိုင်လ ၅ ရက်နေ့က ဖားကန့်မြို့ရဲ့ မိုးရေချိန်ဟာ ၁၄.၆၄ လက်မအထိ ရွာသွန်းခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ် ဖားကန့်မှာ ရေကြီးတာကတော့ မနှစ်ကလောက် မဆိုးဝါးသလို အပျက်အစီး၊ အထိအခိုက်လည်း မရှိပါဘူး။

XS
SM
MD
LG