သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်မြေစာပုံပြိုကျ လူအများအပြားပျောက်ဆုံးနေ


မြေစာပုံပြိုကျရာမှာ ပျောက်ဆုံးနေသူတွေကို ရှာဖွေနေတဲ့အဖွဲ့ကို စောင့်ကြည့်နေကြသူများ။ (ဒီဇင်ဘာ ၂၂၊ ၂၀၂၁)
မြေစာပုံပြိုကျရာမှာ ပျောက်ဆုံးနေသူတွေကို ရှာဖွေနေတဲ့အဖွဲ့ကို စောင့်ကြည့်နေကြသူများ။ (ဒီဇင်ဘာ ၂၂၊ ၂၀၂၁)

[[Zawgyi/Unicode]]

ကချင်ပြည်နယ်၊ ဖားကန့်မြို့က အမြင့်ပေ ၁၀၀ ကျော်ကျော်လောက်ရှိတဲ့ မြေစာပုံတခု ဒီနေ့ဒီဇင်ဘာလ ၂၂ ရက် မနက်အစောပိုင်းမှာ ပြိုကျခဲ့ပါတယ်။ ရေမဆေးကျောက်ရှာဖွေနေသူ အယောက် ၁၀၀ နီးပါးလောက် အဲဒီမှာရှာဖွေနေတာဖြစ်ပြီး အယောက် ၂၀ လောက် သေဆုံးနိုင်ခြေ ရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။ မြန်မာပြည်တွင်းက ပေးပို့လာတဲ့ဒီသတင်းကို ကိုအောင်မြတ်သူက တင်ပြပေးထားပါတယ်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာမှာရှိတဲ့ ကျောက်စိမ်းမြေစာပုံဟောင်းတခု ဒီနေ့မနက် ၄ နာရီမှာ ပြိုကျခဲ့တာပါ။ မြေသားတွေက အနီးအနားက ရေကန်ထဲကို ပြိုကျခဲ့တာဖြစ်ပြီး မနက် ၁၀ နာရီအထိ တယောက်မှရှာမတွေ့သေးကြောင်း လုံးခင်းကြက်ခြေနီတပ်ဖွဲ့မှူး ဦးစံလွင်က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ဒီမှာ ( ကျောက်ရှာနေသူ) ၇၀၊ ၈၀ ဝန်းကျင်ကတော့ ရှိတယ်နော်။ ရေကန်ထဲကိုပဲ တောက်လျှောက်ထိုးချသွားတာ။ အခုကျနော်တို့ ဒီမှာရှာဖွေနေတာကတော့ ကြိုးနဲ့ချိတ်နဲ့ ပစ်ပစ်ပြီးမှတော့ ရှာကြည့်နေကြတယ်။ ရုပ်အလောင်းတွေကတော့ မတွေ့နိုင်သေးဘူး၊ မရနိုင်သေးဘူး ဖြစ်နေတယ်။”

မြေစာပုံရဲ့အကျယ်က ပေ ၁၅၀ ပတ်လည်ရှိပြီး အမြင့်ကလည်း ပေ ၁၀၀ လောက်မြင့်တယ်လို့ သူကပြောပါတယ်။ ဒီနေရာမှာ ကျောက်စိမ်းရှာဖွေခဲ့တဲ့ ကုမ္ပဏီက ဒီမြေစာပုံကို ၂၀၁၉ ကတည်းက စွန့်ပစ်သွားတာပါ။ ရေမဆေးရှာသူတွေက မြေစာပုံရဲ့အောက်ခြေနားမှာ တူးဆွ၊ရှာဖွေကြတဲ့အတွက် မြေသားအိပြီး ပြတ်ကျသွားတာ ဖြစ်နိုင်တယ်လို့ တချို့ကခန့်မှန်းပါတယ်။

“မြေစာပုံအဟောင်းပါ။ အရင်ကုမ္ပဏီက စိန်စိန်လို့ ပြောတယ်ခင်ဗျ။ သူတို့ထားခဲ့တဲ့ကျင်းတွေမှာ ကျင်းလှန်ပြီးတော့မှ တူးကြဆွကြ။ စွန့်ပစ်ထားတဲ့မြေစာပုံ အောက်ခြေရင်းဆိုရင် ရေကန်နဲ့လည်းကပ်နေတော့ လွယ်လွယ်ကူကူလေ၊ သူတို့က ရေကန်ထဲကို ယက်ချ...ယက်ချပြီး ရှာကြတာကိုး။”

ပြီးခဲ့တဲ့နှစ်ရက်လောက်ကလည်း ဖားကန့်က ဆိုင်းဂျာဘွမ်ရွာမှာရှိတဲ့ မြေစာပုံအဟောင်းပြိုကျပြီး လူငါးယောက် ပျောက်ဆုံးခဲ့ပါတယ်။ အဲဒီမှာ ၂ ရက်နီးပါး ရှာဖွေမှုတွေလုပ်ခဲ့ရပြီး လူသုံးယောက်ရဲ့ အလောင်းကိုတော့ ရေကန်ထဲကနေ ပြန်တွေ့ခဲ့တယ်လို့ ဖားကန့်က လူမှုကူညီရေးအဖွဲ့ဝင်တချို့က ဗွီအိုအေကို ပြောပါတယ်။

=========

[[Unicode]]

ဖားကန့ျမွစောပုံပွိုကြ လူအမြားအပွားပြောကျဆုံးနေ







#HpakhantLandslide #MyanmarLandslide #VOABurmese


=========

XS
SM
MD
LG