သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂ်ပန္နဲ႔ ဗီယက္နမ္ ဝန္ႀကီးခ်ဳပ္ႏွစ္ဦးေဆြးေႏြးပြဲ ျမန္မာ့အေရးပါဝင္


ဗီယက္နမ္ဝန္ႀကီးခ်ဳပ္ Pham Minh Chinh (ဝဲ)၊ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida တို႔ တိုက်ဳိမွာေတြ႔ဆံုေဆြးေႏြးစဥ္ (ႏိုဝင္ဘာ ၂၄၊ ၂၀၂၁)

{{Zawgyi/Unicode}}

ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida နဲ႔ ဗီယက္နမ္ဝန္ႀကီးခ်ဳပ္ Pham Minh Chinh တို႔ႏွစ္ဦး ဗုဒၶဟူးေန႔က တိုက်ိဳၿမိဳ႕ေတာ္မွာ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကတာမွာ ျမန္မာ့အေရးအပါအဝင္ လုံၿခဳံေရး၊ COVID-19 အေရးကိစၥေတြအပါအဝင္ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္ေရး ကိစၥရပ္ေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။

ေဆြးေႏြးခဲ့ၾကတဲ့ အေၾကာင္းအရာေတြနဲ႔ပတ္သက္လို႔ ေတြ႔ဆုံမႈအၿပီး ပူးတြဲက်င္းပတဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida က အခုလို ရွင္းျပခဲ့ပါတယ္။

“ေဒသတြင္း အေၾကာင္းအရာေတြျဖစ္တဲ့ အေရွ႕နဲ႔ ေတာင္တ႐ုတ္ပင္လယ္အေရးကိစၥ၊ ေျမာက္ ကိုရီးယားအေရးနဲ႔ ျမန္မာႏိုင္ငံ အေရးကိစၥေတြကို အနီးကပ္ ပူးေပါင္းေဆာင္႐ြက္သြားၾကဖို႔ က်ေနာ္တို႔ သေဘာတူခဲ့ၾကပါတယ္။ အထူးသျဖင့္ က်ေနာ္တို႔အတြက္ အထူးအေရးႀကီးတဲ့အေၾကာင္းအရာတခုျဖစ္တဲ့ ေျမာက္ကိုရီးယားက လူေတြျပန္ေပးဆြဲေနတဲ့ကိစၥနဲ႔ပတ္သက္လို႔ ဝန္ႀကီးခ်ဳပ္ Chinh က က်ေနာ္တို႔ကို ကူညီပံ့ပိုးေပးမယ္လို႔ ေျပာၾကားခဲ့ပါတယ္” လို႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida က ေျပာသြားပါတယ္။

ဂ်ပန္က ဗီယက္နမ္ကို ကိုဗစ္ကာကြယ္ေဆး အလုံးေရ ၁.၅ သန္း ကူညီေပးမယ့္အစီအစဥ္ကိုလည္း ဝန္ႀကီးခ်ဳပ္ Kishida က သတင္းစာရွင္းလင္းပြဲအတြင္း ေၾကညာခဲ့ပါတယ္။

ဗီယက္နမ္ဝန္ႀကီးခ်ဳပ္ Pham Minh Chinh ဟာ ဝန္ႀကီးခ်ဳပ္ Kishida ရာထူးလက္ခံၿပီးေနာက္ပိုင္း ဂ်ပန္ကို လာေရာက္လည္ပတ္တဲ့ ပထမဆုံး ျပည္ပ ႏိုင္ငံေခါင္းေဆာင္တဦးျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

{{Unicode}}

ဂျပန်နဲ့ ဗီယက်နမ် ဝန်ကြီးချုပ်နှစ်ဦးဆွေးနွေးပွဲ မြန်မာ့အရေးပါဝင်

ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh တို့နှစ်ဦး ဗုဒ္ဓဟူးနေ့က တိုကျိုမြို့တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာမှာ မြန်မာ့အရေးအပါအဝင် လုံခြုံရေး၊ COVID-19 အရေးကိစ္စတွေအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်လို့ တွေ့ဆုံမှုအပြီး ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဂျပန်ဝန်ကြီးချုပ် Fumio Kishida က အခုလို ရှင်းပြခဲ့ပါတယ်။

“ဒေသတွင်း အကြောင်းအရာတွေဖြစ်တဲ့ အရှေ့နဲ့ တောင်တရုတ်ပင်လယ်အရေးကိစ္စ၊ မြောက် ကိုရီးယားအရေးနဲ့ မြန်မာနိုင်ငံ အရေးကိစ္စတွေကို အနီးကပ် ပူးပေါင်းဆောင်ရွက်သွားကြဖို့ ကျနော်တို့ သဘောတူခဲ့ကြပါတယ်။ အထူးသဖြင့် ကျနော်တို့အတွက် အထူးအရေးကြီးတဲ့အကြောင်းအရာတခုဖြစ်တဲ့ မြောက်ကိုရီးယားက လူတွေပြန်ပေးဆွဲနေတဲ့ကိစ္စနဲ့ပတ်သက်လို့ ဝန်ကြီးချုပ် Chinh က ကျနော်တို့ကို ကူညီပံ့ပိုးပေးမယ်လို့ ပြောကြားခဲ့ပါတယ်” လို့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida က ပြောသွားပါတယ်။

ဂျပန်က ဗီယက်နမ်ကို ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၁.၅ သန်း ကူညီပေးမယ့်အစီအစဉ်ကိုလည်း ဝန်ကြီးချုပ် Kishida က သတင်းစာရှင်းလင်းပွဲအတွင်း ကြေညာခဲ့ပါတယ်။

ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh ဟာ ဝန်ကြီးချုပ် Kishida ရာထူးလက်ခံပြီးနောက်ပိုင်း ဂျပန်ကို လာရောက်လည်ပတ်တဲ့ ပထမဆုံး ပြည်ပ နိုင်ငံခေါင်းဆောင်တဦးဖြစ်ပါတယ်။

#MyanmarMilitaryCoup #JapanVietnam #voaburmese #စစ်အာဏာသိမ်းမှု #ဗွီအိုအေ

============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG