သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်လေဆိပ်တွေ လုံခြုံရေးတိုးမြှင့် 


ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်က Ninoy Aquino အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စောင့်ဆိုင်းနေကြတဲ့ ခရီးသည်များ (အောက်တိုဘာ ၆၊ ၂၀၂၃)
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်က Ninoy Aquino အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စောင့်ဆိုင်းနေကြတဲ့ ခရီးသည်များ (အောက်တိုဘာ ၆၊ ၂၀၂၃)

ဖိလစ်ပိုင်နိုင်ငံမှာ ကမ္ဘာလှည့်ခရီးသည်တွေ အသွားများတဲ့နေရာတွေအပါအဝင် မနီလာမြို့တော်လေဆိပ်ကထွက်ခွာမယ့် လေယာဉ်တွေကနေ အချိန်မရွေး ဗုံးပေါက်ကွဲနိုင်တယ်လို့ အမည်မဖော်လိုတဲ့ သတိပေးချက်တခုကြောင့် ခရီးသည်တင် လေယာဉ်တွေ ထွက်ခွာတဲ့ လေဆိပ်အားလုံးမှာ လုံခြုံရေးတွေ တိုးမြင့်ချထားပါတယ်။

တနိုင်ငံလုံးမှာရှိတဲ့ ခရီးသည်တင်လေယာဉ်တွေ ဝင်ထွက်သွားလာတဲ့ လေဆိပ် ၄၂ ခုမှာ လုံခြုံရေးတွေ တိုးမြင့်ချထားကြောင်း ဖိလစ်ပိုင် လေကြောင်းပို့ဆောင်ရေးဌာနက သတင်းမီဒီယာတွေကတဆင့် သတိပေးချက် ထုတ်ပြန်ထားပြီး ဒီသတိပေးမှုလုပ်ခဲ့တာ မှန်ကန်မှု ရှိကြောင်းကိုလည်း သူတို့ဘက်က အတည်ပြုနိုင်ခဲ့တယ်လို့ ပြောပါတယ်။

မြို့တော် မနီလာလေဆိပ်ကနေ Davao နဲ့ Bicol အပါအဝင် ကမ္ဘာ့လှည့်ခရီးသည်တွေ အသွားများတဲ့ Palawan နဲ့ Cebu တို့ကိုသွားမယ့် လေယာဉ်တွေမှာ ဗုံး‌ပေါက်ကွဲမှုဖြစ်နိုင်တယ်ဆိုတဲ့ ခြိမ်းခြောက် သတိပေး Email ကို လေကြောင်းဌာနတွေကို ပေးပို့ခဲ့တာဖြစ်ပါတယ်။

ဒီသတိပေးချက် ခိုင်မာမှုရှိမရှိဆိုတာ အတည်ပြုနိုင်ဖို့ ကြိုးစားနေတဲ့တချိန်ထဲမှာပဲ လုံခြုံရေးကို ချက်ခြင်း တိုးမြင့်ချထားကြောင်း ဖိလစ်ပိုင် လေကြောင်းအာဏာပိုင်တွေက ပြောပါတယ်။ သတိပေးချက် ဘယ်ထဲက ရထားသလဲဆိုတာ တာဝန်ရှိသူတွေက ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG