သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် Bopha မုန်တိုင်း လူ ၂၀၀ ကျော်သေဆုံး


ဖိလစ်ပိုင်မှာတိုက်ခတ်သွားတဲ့ Bopha တိုင်ဖုန်းမုန်တိုင်းကြောင့် ပျက်စီးမှုများ။
ဖိလစ်ပိုင်မှာတိုက်ခတ်သွားတဲ့ Bopha တိုင်ဖုန်းမုန်တိုင်းကြောင့် ပျက်စီးမှုများ။
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ တိုက်ခတ်ခဲ့တဲ့ Bopha တိုင်ဖုန်းမုန်တိုင်းကြောင့် သေဆုံးသူဦးရေ ၂၃၀ ကျော်သွားပြီလို့ ဖိလစ်ပိုင်တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက ပျောက်ဆုံးနေသူတွေကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။

နိုင်ငံတောင်ပိုင်း Compostela တောင်ကြားဒေသရှိ တောတောင်ထူထပ်တဲ့ သတ္ထုတွင်း အနီးတဝိုက်မှာ မုန်တိုင်းကြောင့် ရေကြီး၊ မြေပြိုခဲ့လို့ အရေးပေါ်ခိုလှုံရေး စခန်းနှစ်ခုနဲ့ စစ်တပ်စခန်းတခု ရွှံ့တွေနဲ့အတူ မျောပါသွားခဲ့ပြီး လူ ၁၄၂ ထက်မနည်း သေဆုံးခဲ့ပါ တယ်။

ပင်လယ်ကမ်းရိုးတန်းက Davao Oreintal ပြည်နယ်တကြောမှာလည်း အင်အား ပြင်းထန်တဲ့မုန်တိုင်း အင်္ဂါနေ့က ကုန်တွင်းပိုင်းကို ဝင်ရောက် တိုက်ခတ်ခဲ့လို့ ရေကြီးပြီး ဒါဇင်ချီ အသေအပျောက်ရှိခဲ့ပါတယ်။ တချို့မြို့ကလေးတွေမှာ ဆိုရင် အိမ်ခြေ အတော်များများ ပျက်စီးပြီး အဆောက်အဦးနည်းနည်းပဲ မပျက်မစီးကျန်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လောလောဆယ် ရေနဲ့ လေဘေး ဒုက္ခသည် ၈ သောင်းခွဲကျော်ဟာ အစိုးရစီစဉ်ပေးတဲ့ ယာယီစခန်းတွေမှာ ခိုလှုံနေကြပါတယ်။

ဒုက္ခသည်တွေအတွက် အစားအစာနဲ့ ခိုလှုံရေးစခန်းတွေ လိုအပ်နေတယ်လို့ World Vision ပရဟိတ အဖွဲ့ က VOA ကိုပြောပါတယ်။ မနှစ်က လူ ၁၂၀၀ နီးပါးသေဆုံးခဲ့ရတဲ့ တောင်ပိုင်း Mindanao ကျွန်းမှာ တိုက်ခဲ့တဲ့ Washi တိုင်ဖုန်းမုန်တိုင်း ဒုက္ခသည်တွေကို ကူညီခဲ့ရတာနဲ့စာရင် ကြိုတင်ပြင်ဆင်မှုတွေရှိခဲ့လို့ အခု Bopha မုန်တိုင်းဘေး ကိုင်တွယ်ရတာ ပိုအဆင်ပြေတယ်လို့ တာဝန်ခံတွေက ဆိုပါတယ်။
XS
SM
MD
LG