သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် ဘုရားကျောင်းဗုံးပေါက် လူတရာကျော် ထိခိုက်


ဖိလစ်ပိုင်နိုင်ငံက တည်ငြိမ်မှုမရှိတဲ့ နိုင်ငံတောင်ပိုင်းမှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း တကျောင်း ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ ဗုံး ၂ လုံး ပေါက်ကွဲခဲ့လို့ သေဆုံးသူ ၂၇ ဦး ရှိသွားပြီ ၇၇ ဦး ဒဏ်ရာရာသွားပါတယ်။

အစိုးရကတော့ တိုက်ခိုက်မှုလုပ်တဲ့သူတွေကို မတွေ့မချင်းရှာပြီး အပြစ်ရှိသူမှန်သမျှကို တရားဥပဒေအတိုင်းအရေးယူသွားမယ်လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ဒီအန္တရာယ်ကောင်တွေကို လုံးဝသက်ညှာမှာမဟုတ်ဘူးလို့ ကြေညာချက်မှာပြောထားပါတယ်။

Sulu ပြည်နယ် Jolo မြို့က ဘုရားကျောင်းမှာ တနင်္ဂနွေ ဝတ်ပြုဆုတောင်းပွဲလုပ်နေချိန်အတွင်း ပထမဗုံး တလုံးပေါက်ကွဲခဲ့တာပါ။ ဒုတိယဗုံးကတော့ ပထမပေါက်ကွဲမှုကြောင့် အစိုးရလုံခြုံရေးတပ်ဖွဲ့တွေ ရောက်လာချိန်မှာ ဘုရားကျောင်းကားတွေရပ်တဲ့ မြေကွက်လပ်မှာ ပေါက်တာဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ အရပ်သားတွေအပြင် စစ်သားတွေလည်း ပါဝင်ပါတယ်။

ဒီတိုက်ခိုက်မှုကို လုပ်ပါတယ်ဆိုပြီး တာဝန်ခံပြောလာတာမျိုးတော့ မရှိသေးပါဘူး။ Jolo မြို့မှာ မွတ်စလင် အများစုနေထိုင်ပြီး ဖိလစ်ပိုင်နိုင်ငံတခုလုံးအတိုင်းအတာနဲ့ ပြောရင်တော့ အများစုက ကတ်သလစ်ခရိယာန်ဘာသာဝင်တွေ ဖြစ်ပါတယ်။ အဲဒီဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် လူထုဆန္ဒခံယူပွဲကျင်းပခဲ့တာမှာ တခဲနက်ထောက်ခံမှုခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အခုပေါက်ကွဲမှုတွေ ဖြစ်တာပါ။ အဲဒီဒေသထဲမှာရှိတဲ့ Sulu ပြည်နယ်က မဲဆန္ဒရှင်တွေကတော့ ဒီကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပယ်ချခဲ့ကြပါတယ်။ အဲဒီ Sulu မြို့ကလည်း Islam စစ်သွေးကြွ Abu Sayyaf အဖွဲ့ အခြေစိုက်တဲ့နေရာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG