သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့အကြီးဆုံးမိကျောင်း လွှတ်ပေးဖို့ တိရိစ္ဆာန် အခွင့်အရေးသမားတွေ တောင်းဆို


ကမ္ဘာ့အကြီးဆုံးမိကျောင်း လွှတ်ပေးဖို့ တိရိစ္ဆာန် အခွင့်အရေးသမားတွေ တောင်းဆို
ကမ္ဘာ့အကြီးဆုံးမိကျောင်း လွှတ်ပေးဖို့ တိရိစ္ဆာန် အခွင့်အရေးသမားတွေ တောင်းဆို

ဖမ်းမိထားတဲ့ မိကျောင်းတွေထဲမှာ ကမ္ဘာ့အကြီးဆုံးလို့ မှတ်ယူရတဲ့ မိကျောင်းကြီးကို လွှတ်ပေးဖို့ တိရစ္ဆာန်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အဖွဲ့တွေက ဖိလစ်ပိုင်အာဏာပိုင်တွေကို တိုက်တွန်း လိုက်ပါတယ်။

တိရစ္ဆာန်တွေအပေါ် စာနာစိတ်နဲ့ ဆက်ဆံဖို့အတွက် လုပ်နေသူတွေကတော့ အရှည်အားဖြင့် ပေ ၂၀ (၆ မီတာ) ရှည်တဲ့ ပင်လယ်ရေငန် မိကျောင်းကြီးကို အဂူ ဆန်းဒဲလ် ဆူအာ ခရိုင်မှာ ဆက်ပြီး ထိန်းသိမ်းထားမယ်ဆိုရင် ပုံမှန်မဟုတ်ဘဲ ကိုယ်ကိုယ့်ကို ဖျက်ဆီးစေနိုင်တဲ့ အမူအကျင့်တွေ ဖြစ်လာနိုင်ပြီး မိကျောင်းထိန်းသိမ်းသူတွေနဲ့ လာရောက်ကြည့်ရှုသူတွေကို အန္တရာယ်ဖြစ်လာနိုင်တယ်လို့ စနေနေ့မှာ ပြောလိုက်ပါတယ်။ အဲဒီမိကျောင်းကြီးကို ပြီးခဲ့တဲ့ စနေနေ့က ဖိလစ်ပိုင်နိုင်ငံမှာ ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဘူနာဝမ်မြို့တော်ဝန်ကတော့ ဒီမိကျောင်းကြီးဟာ အနီးအနားက ဒီရေတောတွေကိုမှီခိုပြီး ငါးဖမ်းလုပ်ငန်း လုပ်နေကြတဲ့ သူရဲ့ မဲဆန္ဒနယ်က လူတွေအတွက် အန္တရာယ်ဖြစ်လာနိုင်တယ်လို့ ပြောလိုက်ပါတယ်။

XS
SM
MD
LG