သုံးရလွယ်ကူစေသည့် Link များ

ဖိလစ်ပိုင် မူးယစ်ရောင်းဝယ်သူများ သတ်ဖြတ်ခံရမှု ကုလနဲ့ EU ကို စုံစမ်းခွင့်ပေးမည်


ဖိလစ်ပိုင်သမ္မတ Rodrigo Duterte
ဖိလစ်ပိုင်သမ္မတ Rodrigo Duterte

ဖိလစ်ပိုင်နိုင်ငံမှာ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်သူတွေကို သတ်ဖြတ် နှိမ်နင်းတာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ နဲ့ ဥရောပသမဂ္ဂ EU တာဝန်ရှိသူတွေကို ဖိတ်ခေါ်မယ်လို့ သမ္မတ Rodrigo Duterte က ပြောလိုက်ပါတယ်။ အဲဒီကိစ္စအပေါ် အမေရိကန်နဲ့ တခြားနိုင်ငံတွေက စိုးရိမ်နေကြတာပါ။

ကြာသပတေးနေ့က မနီလာမြို့တော်မှာပြောတဲ့မိန့်ခွန်းထဲ သမ္မတ Duterte က အဲဒီလိုကမ်းလှမ်းသွားတာဖြစ်ပြီး သူ့ရဲ့ နှိမ်နင်း ဖြိုခွဲမှုအပေါ် ဝေဖန်သူတွေကိုလည်း တုန့်ပြန်ပြောဆိုပါတယ်။ ကုလသမဂ္ဂနဲ့ EU တာဝန်ရှိသူတွေက သူ့ရဲ့ဖိတ်ကြားချက်ကို လက်ခံတယ်ဆိုရင် လူ့အခွင့်အရေးကိစ္စတွေနဲ့ပတ်သက်ပြီး သူ့အနေနဲ့လည်း လူသိရှင်ကြား မေးမြန်းမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့မှာ သမ္မတဖြစ်လာပြီးကတည်းက စလုပ်ခဲ့တဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွင်း မူးယစ်ဆေးဝါး ရောင်း ဝယ်သူနဲ့ သုံးစွဲသူ ၃ ထောင်လောက်ကို သတ်ခဲ့ပြီးပါပြီ။

ပြီးခဲ့တဲ့လက လာအိုနိုင်ငံမှာ ထိပ်သီးအစည်းအဝေး ကျင်းပချိန်အတွင်း သမ္မတ Duterte က သမ္မတ ဘရာ့ခ် အိုဘားမားရဲ့ မိခင်ကို ပုတ်ခတ်စော်ကားတဲ့စကားမျိုး ပြောခဲ့ပြီးတဲ့နောက် သမ္မတနှစ်ဦး တွေ့ဆုံမယ့်အစီအစဉ်ကို အမေရိကန်က ဖျက်ခဲ့ပါတယ်။ မူးယစ်ဆေးဝါးနှိမ်နင်းရေး သူ့အစိုးရရဲ့လုပ်ရပ်အပေါ် ဆရာမလုပ်ဖို့လည်း သမ္မတ Duterte က သမ္မတအိုဘားမားကို သတိပေးခဲ့ ပါတယ် နောက်ပိုင်းမှာတော့ သူ့ရဲ့ ပြောဆိုမှုအပေါ် စိတ်မကောင်းတဲ့အကြောင်း သမ္မတ Duterte က ပြန်ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG