သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဖိလစ်ပိုင်သက်တမ်းဝက်ရွေးကောက်ပွဲ သမ္မတထောက်ခံတဲ့ဘက် အရေးသာနိုင်


ဖိလစ်ပိုင်နိုင်ငံမှာ တနလာင်္နေ့က ကျင်းပတဲ့ သက်တမ်းဝက် ရွေးကောက်ပွဲမှာ မဲပေးဖို့ စာရင်းပေးသွင်းထားသူ မဲဆန္ဒရှင် ၆၂ သန်းနဲ့ အတူ သမ္မတ Rodrigo Duterte လည်း မဲပေးခဲ့ပါတယ်။

ဒေသ ၈၁ ခုမှာ မြို့ကောင်စီဝင် ၁၃,၀၀၀ ထောင်ကျော်၊ မြို့တော်ဝန် ၁၆၃၄ ဦးနဲ့ အုပ်ချုပ်ရေးမှူး ၈၁ ဦး အပါအ၀င် လွှတ်တော်နဲ့ ဒေသဆိုင်ရာ ရာထူးနေရာ ၁ သောင်း ၈ ထောင် အတွက် ကိုယ်စားလှယ် ၄၃,၅၀၀ ထဲကနေ ရွေးကောက်ကြတာ ဖြစ်ပါတယ်။ ထောင်နဲ့ချီ သေဆုံးခဲ့ရတဲ့ မူးယစ်တိုက်ဖျက်ရေး ဆောင်ရွက်ချက်၊ တမူကွဲပြားတဲ့ ခေါင်းဆောင်မှု ပုံစံတွေနဲ့ သမ္မတ Duterte အတွက်တော့ ဒီရွေးကောက်ပွဲက သူ့ရဲ့ အာဏာ ပိုကြီးလာစေရေး လူထုဆန္ဒ ခံယူပွဲဖြစ်တယ်လို့ အများက ရှုမြင်ကြပါတယ်။

အတိုက်အခံတွေက အပြန်အလှန် ထိန်းညှိနိုင်ဖို့ ကြိုးစားနေကြပေမယ်လို့လည်း သမ္မတ Duterte ရဲ့ မဟာမိတ်တွေ ကတော့ အထက်လွှတ်တော်ကို ကြီးစိုးနိုင်ရေး ရည်ရွယ်နေကြတာပါ။ အရေးကြီးဆုံး ကတော့ အထက်လွှတ်တော် နေရာ ၂၄ နေရာထဲက ၁၂ နေရာ ရွေးကောက်မှု ဖြစ်ပါတယ်။ သမ္မတ Duterte က သူ့ရဲ့ ဥပဒေပြုရေး အစီအစဉ်တွေ အတွက် အထောက်အပံ့ဖြစ်စေဖို့ အထက်လွှတ်တော်မှာ သူ့ရဲ့ မဟာမိတ်တွေ ထပ်ရောက်လာစေချင်နေတာပါ။

ဒီဥပဒေပြုရေး အစီအစဉ်တွေထဲမှာဆိုရင် သေဒဏ်ပြစ်ဒဏ် ပြန်လည်ကျင့်သုံးရေး၊ ပြစ်ဒဏ် သက်ညှာခွင့်ရနေတဲ့ ပြစ်မှုကျူးလွန်သူ ကလေးငယ်တွေရဲ့ အသက်ကန့်သန့်ချက်ကို လျှော့ချဖို့၊ ဖယ်ဒရယ် အစိုးရပုံစံ ပြောင်းခွင့်ပေးရေး နိုင်ငံရဲ့ ၁၉၇၈ ခုနှစ် အခြေခံ ဥပဒေကို ပြင်ဆင်ဖို့တို့လည်း ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG