သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် ရေကြီးမှု လူအသေအပျောက် များလာ


ဖိလစ်ပိုင် ရေကြီးမှု လူအသေအပျောက် များလာ
ဖိလစ်ပိုင် ရေကြီးမှု လူအသေအပျောက် များလာ

ဖိလစ်ပိုင်နိုင်ငံမှာ သီတင်းတပတ် နီးပါးကြာ မိုးအပြင်းအထန်ရွာပြီး နိုင်ငံတဝန်း ရေကြီးတာကြောင့် သေဆုံးသူ အရေအတွက်ဟာ ၅၃ ယောက်ထိ ရှိသွားပြီလို့ ဖိလစ်ပိုင် သဘာ၀ ဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

လူ တဒါဇင်ကျော် ပျောက်ဆုံးနေဆဲရှိပြီး အများစုဟာ ရေနစ်သွားတာ ဒါမှမဟုတ် မြေပြိုတဲ့ထဲ ပါသွားတာကြောင့် သေဆုံးကုန်ကြတာပါ။ ငါးဖမ်းသမား အများအပြားလည်း ပျောက်ဆုံးနေဆဲ ရှိပါတယ်။

ပစိဖိတ်သမုဒ္ဒရာ ရာသီဥတု ပုံစံကြောင့် ဖြစ်လာတဲ့ ပြင်းထန်တဲ့ မုန်တိုင်းကြောင့် ပြည်နယ် ၂၅ ခုက လူပေါင်း ၁,၅၀၀,၀၀၀ ထက်မနည်း ဘေးသင့်နေကြတယ်လို့ သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ ဌာနက ပြောပါတယ်။

နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်း တလျှောက်မှာ နောက်သီတင်းပတ်တွေအတွင်း နောက်ထပ် မိုးရွာသွန်းတာတွေ ဖြစ်လာနိုင်ပြီး အဲဒါက အခြေအနေကို ပိုဆိုးသွားစေနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG