သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မနီလာမြို့တော် တဝိုက် ရေနစ်မြုပ်


Phillippine Flood
Phillippine Flood
ဖိလစ်ပိုင်နိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းပြီးတော့ မြို့တော် မနီလာမှာ ဆိုးဆိုးဝါးဝါး ရေကြီးနေပါတယ်၊ အသက်အန္တရာယ်ပေးနိုင်တဲ့ မြေပြိုမှုတွေ ဖြစ်ပွားနေတာကြောင့် လူပေါင်း တသိန်းခွဲကျော် နေအိမ်တွေ ကနေ စွန့်ခွာနေကြရပါတယ်။ မုတ်သုန်မိုးရွာပြီး ရေကြီးနေတာမှာ မနီလာမြို့ တချို့နေရာတွေမှာ ရေဟာ လူတရပ်နီးပါး နစ်မြုတ်နေတယ်လို့ မနီလာ မြို့ခံတွေက ပြောပါတယ်။ တချို့သူတွေ အိမ်ခေါင်မိုးပေါ် တက်နေကြရတာမို့ အသက်ကယ်လှေတွေနဲ့ လိုက်လံ ကယ်ဆယ်နေကြရပါတယ်။

မနီလာမြို့တော်ရဲ့ မြောက်ဘက် အစွန်းပိုင်းမှာ မြေပြိုမှုဖြစ်ပွားပြီးတော့ လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်ပြီးတဲ့နောက် မိုး အဆက်မပြတ် ရွာသွန်းနေတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ ပါ တယ်။ ဒါဟာ ဖိလစ်ပိုင်နိုင်ငံမှာ ၃ နှစ်အတွင်း အဆိုးဆုံး ရေကြီးမှုဖြစ်ပြီး လာမယ့် ဗုဒ္ဓဟူးနေ့လောက်အထိ မိုးပြတ် ဦးမှာ မဟုတ်ဘူးလို့ မိုးလေဝသ ခန့်မှန်းချက်တွေက ဖော်ပြထားပါတယ်။

အလားတူပဲ တရုတ်နိုင်ငံမှာလည်း ရှန်ဟိုင်းမြို့နဲ့ အနီးတဝိုက် ကမ်းခြေတွေမှာ တိုင်ဖုန်း မုန်တိုင်းဟာ ဒီသီတင်းပတ်အတွင်း တတိယ အကြိမ် မြောက် ဝင်ရောက် တိုက်ခတ်ဖို့ ရှိနေပါတယ်။ ရှန်ဟိုင်းမြို့က လူပေါင်း နှစ်သိန်းလောက်ကို ရွှေ့ပြောင်းပေးဖို့ ပြင်ဆင်ထားပြီးတော့ ဇင်ကျန်းခရိုင်အတွင်းမှာတော့ လူပေါင်း တစ်သိန်းကျော်ကို ဘေးလွတ်ရာ ဆီ ရွှေ့ပြောင်း ပေးထားရတယ်လို့ သိရပါတယ်။
XS
SM
MD
LG