သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အမေရိကန်ပြည်ထောင်စုနဲ့ လမ်းခွဲလိုကြောင်း ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ကြေညာခဲ့ပေမဲ့ တရားဝင် အကြောင်းကြားတာမျိုးတော့ မရှိတဲ့ကြောင်း အမေရိကန်တာဝန်ရှိတွေက ပြောဆိုလိုက်ပါတယ်။

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စရပ် တော်တော်များများကို ပြောင်းလဲပစ်ဖို့ ဖိလစ်ပိုင်တာဝန်ရှိသူတွေထံက တရားဝင် တောင်းခံတာမျိုး မရှိဘူးလို့ အမေရိကန်သမ္မတ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Eric Schultz က သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

လုံခြုံရေးရှုဒေါင့် သာမက ဖိလစ်ပိုင်ပြည်သူတွေနဲ့ အစိုးရအဖွဲ့ထဲက အဆင့်ဆင့်နဲ့ပါ ရင်းရင်းနှီးနှီး ရှိနေတဲ့အတွက်၊ ဒါဟာထူးခြားတဲ့ ကိစ္စတခု ဖြစ်နေသလို၊ အမေရိကန်နဲ့ လမ်းခွဲမယ်လို့ ဖိလစ်ပိုင်သမ္မတက ပြောကြားခဲ့တာဟာ ဘာကိုဆိုသလိုသလဲဆိုတာ တိတိကျကျ ရှင်းပြချက် ရအောင်ကြိုးစားနေတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် John Kirby က ပြောဆိုခဲ့ပါတယ်။

ဒီအတောအတွင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာလည်း အောက်တိုဘာလ ၂၂ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံကို သွားရောက်လည်ပတ်ဖို့ ရှိနေပြီး၊ ဒီအစီအစဉ်ကိုတော့ အချိန်အတော်ကြာကတည်းက စီစဉ်ထားတာလို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောဆိုခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုရော၊ စီးပွားရေးဆက်ဆံမှုပါ မဟာမိတ်အဖြစ်က ခွဲထွက်လိုကြောင်း၊ လူမှုရေးကဏ္ဍကတော့ ကျန်ကောင်းကျန်ဦးမှာ ဖြစ်တဲ့အကြောင်း တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ တရုတ်ခေါင်းဆောင်တွေနဲ့ အဆင့်မြင့် တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပြီးနောက် ကျင်းပတဲ့ စီးပွားရေးညီလာခံတခုမှာ ကြာသပတေးနေ့အစောပိုင်းက ဖိလစ်ပိုင် သမ္မတ ဒူတာတေးက ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီကြေညာချက်ကို စီးပွားရေး လုပ်ငန်းရှင်အသိုင်းအ၀ိုင်းနဲ့ တရုတ်အစိုးရတာဝန်ရှိသူတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်။

ဖိလစ်ပိုင် ကန်နဲ့ လမ်းခွဲမှာလား
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG