သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်သမ္မတ ဘုရားသခင်တည်ရှိမှု မေးခွန်းထုတ်


ဖိလစ်ပိုင် သမ္မတ Rodrigo Duterte က ဘုရားသခင်ဟာ မိုက်မဲသူဖြစ်ပြီး၊ သူ့တည်ရှိနေမှုဟာ မေးခွန်းထုတ်စရာဖြစ်တယ်လို့ ပြောအပြီးမှာ ပြောအပြီးမှာ၊ ဖီလစ်ပိုင် ခရစ်ယာန်ဖုန်းတော်ကြီးတွေက ဆုတောင်းပွဲလုပ်ပြီး အစာရှောင်ဦးပုတ်စောင့်ကြဖို့ ဆော်သြလိုက်ပါတယ်။

အာရှမှာ ခရစ်ယာန်အများဆုံးရှိတဲ့ ဖီလစ်ပိုင်က ကက္ကသလစ် ဘုန်းတော်ကြီး Romulo Valles နဲ့ တခြားဘုန်းတော်ကြီးတွေအနေနဲ့ ဇူလိုင် ၁၆ ရက်နေ့မှာ ဆုတောင်းပွဲ တရက်ကျင်းပပြီး နောက် (၃) ရက် ဦးပုတ်စောင့် အစာရှောင်၊ အလှူလုပ်ပေးကြဖို့ မနေ့ကပဲ တောင်းဆိုလိုက်ကြပါတယ်။

ဒီဘုန်းတော်ကြီးတွေက သမ္မတ Duterte ကို အမည်မတပ်ပဲ ဘုရားသူခင်ကို စော်ကားသူ၊ သတ်ဖြတ်သူ၊ မှားယွင်းစွတ်စွဲသူနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးမှာ လူသတ်သင့်ကြောင်း ပြောသူတွေအပေါ် ခရစ်ယာန်ကိုးကွယ်သူတွေအနေနဲ့ ဘုရားသူခင်ရဲ့ ကျေးဇူးတော်နဲ့ တရားမျှတမှုတွေကို ဆောင်ကျဉ်းပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။

သမ္မတ Duterte အနနဲ့ ခရစ်ယာန်ဘုန်းကြီးကျောင်းတွေနဲ့ ဆက်ဆံရေးတင်းမာလာနေခဲ့ပြီး၊ ပြီးခဲ့တဲ့လတုန်းကပဲ ဘုရားသခင်ဟာ အာဒမ်နဲ့ အေးဝကိုဖန်ဆင်းခဲ့တယ်ဆိုတာမှန်ခဲ့ရင် ဘုရားသခင်ဟာ မိုက်မဲသူသာ ဖြစ်ရမယ်လို့ ပြောခဲ့ထာကြောင့် ပိုဆိုးသွားခဲ့ပါတယ်။

သမ္မတ Duterte အနေနဲ့ ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောရာမှာ သမ္မာကျမ်းစာဇတ်လိုက်တွေဖြစ်တဲ့ အာဒမ်နဲ့အေးဝတို့ လူသားဆွဲဆောင်မှုတွေကနေ မရှောင်ရှားနိုင်လောက်အောင် ဘုရားသခင်က ဘာလို့ ဖန်တီးခဲ့တာလဲလို့ မေးခွန်းထုတ်လိုက်ပြီး၊ လူသားတွေကို ဖန်တီးတဲ့ ဒီသမ္မာကျမ်းစာဇတ်လမ်းကို ထပ်မေးခွန်းထုတ်လိုက်ပါတယ်။

XS
SM
MD
LG