သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်မှာ သမ္မတကို ကန့်ကွက် ဆန္ဒပြ


ဖိလစ်ပိုင်နိုင်ငံက ထောင်ပေါင်းများစွာရှိတဲ့ အစိုးရဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေဟာ တနင်္ဂနွေနေ့ က မနီလာမြို့တော်မှာရှိတဲ့ Bonifacio အထိမ်းအမှတ်ကျောက်တိုင်မှာ စုဝေးကြပြီး လူ့အခွင့်အရေးနေ့ ဆန္ဒပြပွဲ ကျင်းပခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက သမ္မတ Rodrigo Duterte လက်ထက်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေကို ရှုံ့ချကြပါတယ်။

သမ္မတဒူတာတေးလက်ထက် ၂၀၁၆ ခုနှစ်က စလို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်မှုတွေအတွင်း လူပေါင်း ၇,၀၀၀ ကျော် သေဆုံးခဲ့ရတာပါ။

ရာထူးကနေ ဖြုတ်ချခံရဖို့ ကွန်ဂရက်လွှတ်တော်မှာ စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတော်တရားရုံးချုပ်တရားသူကြီး Lourdes Sereno က ဆန္ဒပြသူတွေအတွက် သဝဏ်လွှာတစောင်ကို ကိုယ်စားလှယ်တဦးလွှတ်ပြီး ဖတ်ကြားစေခဲ့ပါတယ်။

သူ့အပေါ် စွပ်စွဲချက်တွေဟာ လုံး၀ အတုအယောင် တွေဖြစ်တယ်လို့ Sereno က ပြောပါတယ်။

အထက်လွှတ်တော်အမတ် Leila De Lima ရဲ့ ရှေ့နေဖြစ်သူကလဲ ဆန္ဒပြသူတွေကို မိန့်ခွန်းပြောခဲ့ပါတယ်။ သမ္မတဒူတာတေးရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအစီအစဉ်ကို ထိပ်ဆုံးကနေ ဝေဖန်ပြစ်တင်သူ တဦးဖြစ်တဲ့ De Lima ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး၊ မူးယစ်ဆေးဝါးဆိုင်ရာ စွဲချက်တွေနဲ့ ရင်ဆိုင်နေရသူဖြစ်ပါတယ်။

De Lima က သူ့မှာ အပြစ်မရှိကြောင်းနဲ့ စွပ်စွဲချက်တွေဟာ သမ္မတဒူတာတေးရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအပေါ် ဝေဖန်တာကို နှုတ်ပိတ်အောင် လုပ်တာဖြစ်ကြောင်းပြောပါတယ်။နောက်ပိုင်းမှာ ဆန္ဒပြသူတွေဟာ သမ္မတဒူတာတေးရဲ့ ပုံတူအရုပ်ကို မီးတင်ရှို့ခဲ့ကြပါတယ်။

ဖိလစ်ပိုင်မှာ သမ္မတကို ကန့်ကွက် ဆန္ဒပြ
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG