သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ် ပင်လယ် ရေပိုက်နက် တရုတ် နှင့် ဖိလစ်ပိုင် အငြင်းပွား

ဖိလစ်ပိုင် ရေတပ်က အဓိက ကျွန်း ဖြစ်တဲ့ လူဇွန် (Luzon) ကျွန်းက ရေမိုင် ၁၂၄ မိုင် အကွာ စကာဘာရို ရှိုး (Scarborough Shoal) တွင် တွေ့ရသော တရုတ် ငါးဖမ်း သင်္ဘော ရှစ်စီးမှ တစ်စီး အား စစ်ဆေးစဉ်
ဖိလစ်ပိုင် ရေတပ်က အဓိက ကျွန်း ဖြစ်တဲ့ လူဇွန် (Luzon) ကျွန်းက ရေမိုင် ၁၂၄ မိုင် အကွာ စကာဘာရို ရှိုး (Scarborough Shoal) တွင် တွေ့ရသော တရုတ် ငါးဖမ်း သင်္ဘော ရှစ်စီးမှ တစ်စီး အား စစ်ဆေးစဉ်

တောင်တရုတ် ပင်လယ် မှာ ရေပိုက်နက် အငြင်းပွားမှု နဲ့ ပတ်သက်ပြီးတော့ ရေတပ် နှစ်တပ် ထိပ်တိုက် ရင်ဆိုင်တွေ့ နေကြတဲ့ ကိစ္စမှာ တင်းမာမှု တွေ လျော့ပါးသွားအောင် လုပ်ဆောင်တဲ့ အနေနဲ့ ဖိလစ်ပိုင် အစိုးရဟာ အဲဒီနေရာကနေ သူတို့ရဲ့ အကြီးဆုံး စစ်သင်္ဘောကြီး ကို ပြန်ခေါ်ယူလိုက်ပါတယ်။

ဖိလစ်ပိုင် နိုင်ငံရဲ့ အနောက်မြောက်ဘက် ၁၄၃ မိုင် အကွာက စကာဘာရို ရှိုး (Scarborough Shoal) မှာ ရောက်နေတဲ့ စစ်သင်္ဘော နေရာမှာ ကမ်းခြေစောင့် တပ်ရဲ့ သင်္ဘော အသေးလေး ဘဲ ထားတော့မယ် လို့ နိုင်ငံခြားရေး ဝန်ကြီး အယ်ဘတ် ဒဲ ရိုစာရီယို (Albert del Rosario) က ဒီကနေ့ဘဲ ပြောကြားသွားခဲ့ပါတယ်။

အမေရိကန် လုပ် ဖိလစ်ပိုင် စစ်သင်္ဘော ဂရက်ကိုရီယို ဒယ်ပီလာ (Gregorio del Pilar) က တရုတ် ငါးဖမ်း သမားတွေ ဖမ်းဆီးလို့ မရအောင်လို့ တရုတ် ကင်းထောင် ရေယဉ် နှစ်စင်းက ပိတ်ဆို့ထားတဲ့ အင်္ဂါနေ့ ကတည်းက နှစ်ဘက် ထိပ်တိုက်တွေ့ နေကြတာပါ။ ဒီ ပဋိပက္ခကို သံတမန် ရေး နဲ့ ဖြေရှင်း ဖို့ နှစ်ဘက်လုံး ကလည်း ပြောထားပါတယ်။

ဒါပေမဲ့လည်း တရုတ်က တတိယ မြောက် သင်္ဘောကို လွှတ်လိုက်တယ်။ တရုတ် ငါးဖမ်း အဖွဲ့က သင်္ဘော အဲဒီကို လိုက်လာပြီးတော့ တရုတ်ဘက် က ဒီပြဿနာ ကို ပိုပြီးတော့ တင်းမာအောင် လုပ်လိုက်ပုံရတယ် လို့ ဖိလစ်ပိုင် အရာရှိတွေ က ပြောပါတယ်။

This item is part of
XS
SM
MD
LG