သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်မုန်တိုင်း ၉ ယောက်ထက်မနည်း သေဆုံး


မုန်တိုင်းကြောင့် မြို့တော် မနီလာ အရှေ့ဘက်ခြမ်းရှိ အဝေးပြေးလမ်းမတခုတွင် ရေကြီးနေစဉ်။ မေ ၈၊ ၂၀၁၁။

ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်ခြမ်းကို တနင်္ဂနွေနေ့ အစောပိုင်းက အယ်ရီ (Aere) လို့ခေါ်တဲ့ အပူပိုင်းမုန်တိုင်း ၀င်ရောက် တိုက်ခတ်ခဲ့တာကြောင့် မိုးအဆက်မပြတ် ရွာသွန်းပြီး မြေပြိုကျမှုတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီလို ဖြစ်ခဲ့တာကြောင့် လူ ၉ ယောက်ထက် မနည်း သေဆုံးပြီး ထောင်ပေါင်းများစွာ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

ဒီမုန်တိုင်းဟာ ကတ်တာဒွန်းနက်စ် (Catanduanes) ကျွန်းကို ၀င်ရောက် တိုက်ခတ်ခဲ့ပြီး အနောက်မြောက်ဘက်မှာ ရှိတဲ့ လူဇွန် (Luzon) ကျွန်းနဲ့ မြို့တော် မနီလာဘက်ကို ဦးတည်ပြီး တနာရီကို ၉ မိုင်နှုန်းလောက်နဲ့ ရွေ့လျားနေတယ်လို့ ဖိလစ်ပိုင် အစိုးရနဲ့ မိုးလေ၀သ ဌာနဖြစ်တဲ့ နိုင်ငံတော် ကပ်ဘေးဒုက္ခ အန္တရာယ် စီမံခန့်ခွဲရေး အဖွဲ့က တနင်္ဂနွေနေ့က သတင်းထုတ်ပြန်ပါတယ်။

လေတိုက်နှုန်းဟာ တနာရီကို မိုင် ၅၀ ကျော်ရှိပြီး မုန်တိုင်းကြောင့် လမ်းတွေရေကြီးတာ၊ အိမ်တွေ ပျက်စီးကုန်တာ ဖြစ်သလို လေယာဉ်ခရီးစဉ်တွေကိုလည်း ရွှေ့ဆိုင်းခဲ့တဲ့အထိ ဖြစ်ခဲ့ပြီး နေရာအတော်များများ အပျက်အစီးတွေနဲ့ ကြုံခဲ့ရပါတယ်။

XS
SM
MD
LG