သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်မုန်တိုင်း သေဆုံးသူ အနည်းဆုံး ၂၃ ဦးရှိပြီ


Samar ကျွန်းက မုန်တိုင်းဒဏ်ခံရတဲ့အိမ်ခြေတွေက ကလေးတွေ စားစရာအတွက် တောင်းဆိုနေကြစဉ်။ (ဒီဇင်ဘာ ၈၊ ၂၀၁၄)
Samar ကျွန်းက မုန်တိုင်းဒဏ်ခံရတဲ့အိမ်ခြေတွေက ကလေးတွေ စားစရာအတွက် တောင်းဆိုနေကြစဉ်။ (ဒီဇင်ဘာ ၈၊ ၂၀၁၄)

ဖိလစ်ပိုင်နိုင်ငံရဲ့မြို့တော်ဟာ တဖြည်းဖြည်း အားပျော့လာနေတဲ့ Hagupit တိုင်ဖုံးမုန်တိုင်း တိုက်ခတ်တာကို ကြုံတွေ့နေရပါပြီ။ ဒီမုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့ချိန်ကတည်းက အနည်းဆုံး လူပေါင်း ၂၃ ယောက် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ တိုင်ဖုံးဟာ ပင်လယ်ပြင်ကနေ နိုင်ငံရဲ့အရှေ့ပိုင်း Samar ကျွန်းကို စတင်ဝင်ရောက် တိုက်ခတ်ခဲ့တာပါ။

မုန်တိုင်းဟာ အားပျော့သွားပြီး အပူပိုင်းမုန်တိုင်းအဖြစ်ကို ရောက်ရှိသွားပြီလို့ဆိုပါတယ်။ ဒါပေမဲ့ မနီလာမြို့တဝိုက်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနိုင်ပြီး အဆင့်မြင့် သတိပေးချက် ထုတ်ပြန်ထားရပါတယ်။ ထောင်နဲ့ချီတဲ့သူတွေကို ကယ်ဆယ်ရေးစခန်းတွေကို ပို့ထားပြီး ကျောင်းတွေ၊ ရုံးတွေနဲ့ စီးပွားရေး လုပ်ငန်းတွေအားလုံး ပိတ်ထားရပါတယ်။

မုန်တိုင်းတိုက်ရိုက်ထိတဲ့ နိုင်ငံရဲ့အရှေ့ပိုင်းမှာ ဆောက်အုံခေါင်မိုးတွေ လန်ထွက်သွားပြီး လျှပ်စစ်ဓါတ်အားတွေ ပြတ်တောက်နေပါတယ်။

မနီလာမြို့မှာ မုန်တိုင်းကြောင့် လူတွေကို အိမ်တွေမှာပဲ နေထိုင်နေကြဖို့ အမိန့်ပေးနှိုးဆော်ထားပြီး လေကြောင်းလိုင်းခရီးစဉ်တွေကိုလည်း ဖျက်သိမ်းထားပါတယ်။

အနောက်မြောက်ဖက်ကို ဦးတည်သွားနေတဲ့ မုန်တိုင်းဟာ တနာရီကို ၆ မိုင်နှုံးလောက်နဲ့သာ ရွေ့လျားနေတာကြောင့် ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်သွားဖို့ ၃ ရက်လောက် ကြာမယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

XS
SM
MD
LG