သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်မုန်တိုင်း သေဆုံးမှု ၅၃ ဦးအထိ တိုးလာ


ဖိလစ်ပိုင်နိုင်ငံမှာ အပူပိုင်းမုန်တိုင်း Jangmi ကြောင့် သေဆုံးသူဦးရေ ၅၃ ယောက်အထိ ရှိသွားပြီလို့ အစိုးရအရာရှိတွေက ပြောပါတယ်။

မုန်တိုင်းကြောင့် တိုင်းပြည်အလယ်ပိုင်းနဲ့ တောင်ပိုင်းပြည်နယ်တွေမှာ ရေကြီးမှု နဲ့ မြေပြိုမှုတွေ ဖြစ်နေပါတယ်။ တောင်ပိုင်း Mindanao ကျွန်း ကနေ မုန်တိုင်း ထွက်ခွာချိန် အင်္ဂါနေ့က သေဆုံးသူ အများစု ရှိခဲ့တာပါ။ ဒီ့အရင်တရက်ကတော့ မိုး အကြီးအကျယ် ရွာလို့ အဝေးပြေး လမ်းမကြီးတွေနဲ့ တံတားတွေကို ပိတ်ပစ်ခဲ့ရပါတယ်။

မြေပြိုမှုကြောင့် ကျောက်တုံး ကျောက်ခဲတွေနဲ့ ရွှံ့နွံတွေအောက်မှာ နေအိမ်တွေနဲ့ ကားတွေ မြေအောက် ရောက်သွားခဲ့ပြီး၊ ဒေသခံတွေနဲ့ အာဏာပိုင်တွေ အများအပြား ပိတ်မိနေပါတယ်။ လူနေအိမ်ခြေ ဒါဇင်နဲ့ချီ ပျက်စီးခဲ့တဲ့အကြောင်း အစိုးရ အရာရှိတွေက ပြောပါတယ်။

အခု မြေပြိုတဲ့နေရာ အများအပြားဟာqဆိုရင် ပြီးခဲ့တဲ့နှစ်က ဖိလစ်ပိုင်နိုင်ငံမှာ အဆိုးရွားဆုံး Haiyan မုန်တိုင်း တိုက်ခတ် ခံခဲ့ရတဲ့အတွက် ပြန်လည် နာလန်ထူဖို့ ကြိုးစားနေရတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။

XS
SM
MD
LG