သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တစ်နာရီ မိုင် ၁၂၀ မုန်တိုင်းဒဏ် ဖိလစ်ပိုင်ခံရ


တိုင်ဖုန်းမုန်တိုင်းဒဏ်သင့်ခဲ့သည့် Navotas မြို့ က မြင်ကွင်းတခု (အောက်တိုဘာလ ၁၊ ၂၀၁၁)
တိုင်ဖုန်းမုန်တိုင်းဒဏ်သင့်ခဲ့သည့် Navotas မြို့ က မြင်ကွင်းတခု (အောက်တိုဘာလ ၁၊ ၂၀၁၁)

နာလ်ဂေး (Nalgae) အမည်ရှိတဲ့ တိုင်ဖုန်းမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ပင်မကျွန်းကြီးဖြစ်တဲ့ လူဇုံ (Luzon) ကျွန်းကို စနေနေ့က ဝင်ရောက် တိုက်ခတ်ခဲ့ပါတယ်။ ဒါကြောင့် မကြာသေးခင်က တိုက်ခတ်ခဲ့တဲ့ နက်စ်ဆတ် (Nesat) တိုင်ဖုန်းလေမုန်တိုင်းဒဏ်ကြောင့် ရေတွေကြီးပြီး ဝင်မရ ထွက်မရ ပိတ်မိနေတဲ့ ကျွန်းပေါ်မှာနေထိုင်သူ လူပေါင်း တစ်သိန်းလောက်ကို ဒုက္ခတွေပိုစေပါတယ်။

နယ်လ်ဂေး လေပြင်းမုန်တိုင်းဟာ လူဇုံကျွန်းကို စနေနေ့မနက် စောစောပိုင်းမှာ စတင်ဝင်ရောက် တိုက်ခတ်ခဲ့တာဖြစ်ပြီး ပြင်းအားကတော့ တစ်နာရီကို မိုင် ၁၀၀ ကနေ ၁၂၀ ဝန်းကျင်အထိ ရှိကြောင်း သိရပါတယ်။

မကြာခင်က တိုက်ခတ်ခဲ့တဲ့ နက်စ်ဆတ် မုန်တိုင်းတိုက်ခတ်တဲ့ လမ်းကြောင်းအတိုင်း တိုက်ခတ်ခဲ့တာလို့ ဆိုပါတယ်။ နယ်လ်ဂေး လေမုန်တိုင်းဟာ စနေနေ့ညနေပိုင်းမှာ ဖိလစ်ပိုင်ကျွန်းကနေ တောင်တရုတ်ပင်လယ်ကို ထွက်ခွာသွားတယ်လို့လည်း မိုးလေဝသဌာန တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

XS
SM
MD
LG