သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်မုန်တိုင်းဒဏ် သေဆုံးသူ ၆၀၀ ကျော်ပြီ


Washi တိုင်ဖုံးမုန်တိုင်းဒဏ်ခံခဲ့ရသည့် ဖိလစ်ပိုင်တောင်ပိုင်း Ilgan မြို့ လူနေရပ်ကွက်တစ်ခု။ (ဒီဇင်ဘာလ ၁၇၊ ၂၀၁၁)
Washi တိုင်ဖုံးမုန်တိုင်းဒဏ်ခံခဲ့ရသည့် ဖိလစ်ပိုင်တောင်ပိုင်း Ilgan မြို့ လူနေရပ်ကွက်တစ်ခု။ (ဒီဇင်ဘာလ ၁၇၊ ၂၀၁၁)

ဖိလစ်ပိုင်နိုင်ငံမှာ တိုက်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့မုန်တိုင်းကျပြီး ရေးကြီးမှုဖြစ်ပွားခဲ့တာကြောင့် လူပေါင်း ၆၀၀ ကျော် သေဆုံးပြီး ပျောက်ဆုံးနေတဲ့သူ ၈၀၀ ကျော်ကို ကယ်ဆယ်ရေးဝန်ထမ်းတွေက တနင်္ဂနွေနေ့မှာ ရှာဖွေနေကြပါတယ်။

အဲဒီ တိုင်ဖုံးမုန်တိုင်း ဝါရှီ (Washi) ဟာ ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအို (Mindanao) ဒေသကို သောကြာနေ့က တိုက်ခိုက်ခဲ့တာကြောင့် ဒေသတခုလုံးမှာ လေပြင်းနဲ့ မိုးသည်းထန်စွာ ရွာသွန်းနေခဲ့ပါတယ်။ မုန်တိုင်းကြောင့် ရေကြီးမှုတွေ၊ မြေပြိုမှုတွေက Cagayan de Oro နဲ့ Iligan ကျေးရွာတွေ အပါအဝင် ရွာပေါင်း ဒါဇင်နဲ့ချီ ရေထဲပါသွားပြီး မိသားစုလိုက် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။

သေဆုံးသူ အရေအတွက်ဟာ ၆၅၂ ယောက် ရှိသွားပြီး ပျောက်ဆုံးသူကတော့ ၈၀၀ ကျော်ရှိတယ်လို့ ဖိလစ်ပိုင် ကြက်ခြေနီအဖွဲ့က ဒီကနေ့ ပြောပါတယ်။ မုန်တိုင်းတိုက်ပြီး ၂၄ နာရီကြာတဲ့အထိ အလောင်းတွေကို ဘယ်သူမှ လာမယူသေးတဲ့အတွက် မိသားစုလိုက် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ယူဆလို့ရကြောင်း ဖိလစ်ပိုင်အရှာရှိ တစ်ဦးဖြစ်သူ Gwen Pang က အေပီသတင်းဌာနကို စနေနေ့မှာ ပြောပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်း အများစုကို ကုန်းပိုင်းဒေသမှာ အာရုံစိုက် လုပ်ဆောင်နေပေမဲ့ ကယ်ဆယ်ရေး မော်တော်ဘုတ်တွေက အသက်မသေဘဲ ကျန်နေသူ အတော်များများကို မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ကမ်းရိုးတမ်း ဒေသတလျှောက်မှာ ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခု မုန်တိုင်းဒဏ်ခံရတဲ့ မင်ဒါနာအို ဒေသဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အခြားနေရာတွေနဲ့မတူဘဲ အခုလို ပြင်းထန်တဲ့မုန်တိုင်းမျိုး ဝင်ခဲတဲ့အရပ် ဖြစ်တယ်လို့ ဖိလစ်ပိုင်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူတွေထဲက အများစုကတော့ အိပ်ပျော်နေတဲ့အချိန်မှာ ရေရဲ့ သယ်ဆောင်ရာကို ပါသွားကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ထောင်နဲ့ချီတဲ့ စစ်သားတွေနဲ့ ရဲတွေက ကယ်ဆယ်ရေး လုပ်ငန်းတွေကို ပူးပေါင်း ဆောင်ရွက်နေကြပေမဲ့ လမ်းတွေ ပိတ်ဆို့နေလို့ လျှပ်စစ်မီးမရတဲ့ အခက်အခဲတွေကြောင့် လုပ်ငန်းနှောင့်နှေးမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

XS
SM
MD
LG