သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်ဖွန်း Nesat ဒဏ် မနီလာမြို့ အပြင်းအထန် ခံရ


တိုင်ဖွန်း Nesat ဒဏ် မနီလာမြို့ အပြင်းအထန် ခံရ
တိုင်ဖွန်း Nesat ဒဏ် မနီလာမြို့ အပြင်းအထန် ခံရ

ပြင်းထန်တဲ့ တိုင်ဖွန်း လေမုန်တိုင်းဒဏ်ကြောင့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ သစ်ပင်တွေပြိုလဲ၊ လမ်းတွေပေါ် ရေကြီးမှုတွေနဲ့အတူ ယာဉ်အသွားအလာတွေ၊ စီးပွားရေး လုပ်ငန်းတွေလည်း ရပ်ဆိုင်းကုန်ပါတယ်။

ကျောင်းတွေ၊ ရုံးတွေ ပိတ်ထားရပြီး မြစ်နဲ့ ပင်လယ်ကမ်းစပ်နားက လူထောင်ပေါင်းများစွာကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းထားရတာပါ။

အနည်းဆုံး လူ ၇ ယောက်လည်း မုန်တိုင်းကြောင့် သေဆုံးခဲ့ရပါတယ်။ စတုတ္ထမြောက် သေဆုံးသူ တဦးကတော့ အိမ်ပြိုကျခဲ့တာကြောင့် ဖြစ်ပြီး တခြားအိမ်တွေလည်း ပြိုကျနေကြတယ်လို့ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။ မြို့လယ်ခေါင်က ဆေးရုံမှာ ဆိုရင်လည်း အောက်ဆုံးထပ်မှာရှိတဲ့ လူနာတွေကို ရွှေ့ပြောင်းပေးခဲ့ရတာပါ။

မနီလာ ပင်လယ်ကွေ့မှာ ကြီးမားတဲ့ လှိုင်းလုံးကြီးတွေ တွေ့မြင်ကြရပြီး မြို့တော်မှာရှိတဲ့ သမိုင်းဝင် ရပ်ကွက်တခုမှာ ဆိုရင်လည်း ခါးလယ်လောက်အထိ ရေတွေ တက်နေတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

တိုင်ဖွန်း နီဆတ် (Nesat) ဟာ ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်ကမ်းခြေ လူဇုန် (Luzon) ကျွန်းပေါ်ကို အရုဏ်မတက်မီမှာ ဝင်ရောက်လာခဲ့ပြီး လေတိုက်နှုန်း တနာရီကို ၈၅ မိုင်ကျော်နဲ့ တိုက်ခတ်ပြီး ကျွန်းကို ဖြတ်ကျော်နေတာပါ။ တောင်တရုတ် ပင်လယ်ပြင်ကို ဦးတည်နေတဲ့ မုန်တိုင်းဟာ သာမန် တိုင်ဖွန်းမုန်တိုင်း အရွယ်အစားထက် ၂ ဆလောက် ရှိတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG