သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်သမ္မတဟောင်းကို ဖမ်းဆီး

ဟောင်ကောင်ကို ဆေးဝါးကုသခံယူဖို့အသွား မနီလာလေဆိပ်မှာ အာဏာပိုင်တွေ တားမြစ်တာခံခဲ့ရတဲ့ ဖိလစ်ပိုင်သမ္မတဟောင်း Gloria Arroyo (နိုဝင်ဘာလ ၁၅၊ ၂၀၁၁)
ဟောင်ကောင်ကို ဆေးဝါးကုသခံယူဖို့အသွား မနီလာလေဆိပ်မှာ အာဏာပိုင်တွေ တားမြစ်တာခံခဲ့ရတဲ့ ဖိလစ်ပိုင်သမ္မတဟောင်း Gloria Arroyo (နိုဝင်ဘာလ ၁၅၊ ၂၀၁၁)

ဖိလစ်ပိုင်သမ္မတဟောင်း ဂလိုရီယာ မက်ကာပါဂဲလ် အာရိုယို (Gloria Macapagal Arroyo) ကို ၂၀၀၄ နဲ့ ၂၀၀၇ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွေမှာ မဲမသမာမှုတွေ ကြီးကြီးမားမား လုပ်ဆောင်ခဲ့မှုနဲ့ ဖိလစ်ပိုင် တရားရုံး တစ်ရုံးကနေ ဒီကနေ့ ဖမ်းဝရမ်း ထုတ်ပြန်လိုက်ပါတယ်။

သမ္မတဟောင်း မစ္စ် အာရိုယိုဟာ မဲမသမာမှုတွေ လုပ်ဆောင်ခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုခဲ့ပြီး နာရီပိုင်းအကြာမှာပဲ တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့တာ ဖြစ်ပြီး ပြစ်မှုထင်ရှားရင် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် တသက်တကျွန်း ကျခံရမှာဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့က မစ္စ် အာရိုယိုနဲ့ ခင်ပွန်းဖြစ်သူတို့ အရိုးဘက်ဆိုင်ရာ ဆေးကုသဖို့ ဖိလစ်ပိုင်ကနေ နိုင်ငံခြားကိုသွားဖို့ ခရီးအထွက် မနီလာလေဆိပ်မှာ အာဏာပိုင်တွေရဲ့ တားမြစ်ခြင်းကို ခံခဲ့ရပါတယ်။

This item is part of
XS
SM
MD
LG