သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်သမ္မတဟောင်းကို ဆက်လက်ထိန်းသိမ်းဖို့ အစိုးရရှေ့နေတောင်းဆို

ဖိလစ်ပိုင်သမ္မတဟောင်းကို ဆက်လက်ထိန်းသိမ်းဖို့ အစိုးရရှေ့နေတောင်းဆို
ဖိလစ်ပိုင်သမ္မတဟောင်းကို ဆက်လက်ထိန်းသိမ်းဖို့ အစိုးရရှေ့နေတောင်းဆို

ဖိလစ်ပိုင်သမ္မတဟောင်း ဂလိုရီယာအာရိုယို (Gloria Arroyo) ကို ဆေးရုံကဆင်းပေးရလောက်တဲ့အထိ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေတာကြောင့် သူမကို အကျဉ်းထောင်မှာ ထိန်းသိမ်းထားဖို့ လိုလားကြောင်း အစိုးရ အကျိုးဆောင်ရှေ့နေတွေက သောကြာနေ့မှာ ပြောပါတယ်။

သမ္မတဟောင်း အာရိုယို ခံစားနေရတဲ့ ကျောရိုးရောဂါကို အပြင်လူနာအဖြစ်နဲ့ ကုသလို့ ရနိုင်ကြောင်း သူမရဲ့ဆရာဝန် မာရီယိုဗား (Mario Ver) က ရုံးတော်မှာ ထွက်ဆိုလိုက်တာကြောင့် သူမကို မနီလာမြို့ ရဲစခန်းက အကျဉ်းထောင်မှာ ထိန်းသိမ်းခွင့်ပေးဖို့ အစိုးရ အကျိုးဆောင်ရှေ့နေ မာရီယာဟွာနာ ဗာလဲဇာ (Maria Juana Valleza) က ရုံးတော်မှာ လျှောက်ထားလိုက်တာပါ။

ဒါပေမဲ့ သမ္မတဟောင်း အာရိုယိုရဲ့ အကျိုးဆောင်ရှေ့နေတစ်ဦးဖြစ်တဲ့ ဂျေးဖလာမင်နီယာနို (Jay Flaminiano) ကတော့ သူမကို နေအိမ်အကျယ်ချုပ်နဲ့ပဲ ထိန်းသိမ်းခွင့်ပြုဖို့ လျှောက်ထားမယ်လို့ ဆိုပါတယ်။

အသက် ဂ၆၄) နှစ်ရှိပြီဖြစ်တဲ့ သမ္မတဟောင်း ဂလိုရီယာ အာရိုယိုဟာ ၂၀၀၇ ခုနှစ် ဆီးနိတ်လွှတ်တော် ရွေးကောက်ပွဲအတွင်း မဲလိမ်လည်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး စွပ်စွဲခံနေရတာပါ။ သမ္မတဟောင်း အာရိုယိုကတော့ အဲဒီစွဲချက်တွေ မဟုတ်မှန်ကြောင်း ငြင်းဆိုထားပါတယ်။

This item is part of
XS
SM
MD
LG