သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်အစိုးရလုပ်ငန်း တရုတ်နှောင့်ယှက်လို့ ဖိလစ်ပိုင်စွပ်စွဲ


The Chinese Coast Guard shows a collision between a Chinese Coast Guard ship (R) and Philippines' resupply boat (L) during a resupply mission near the Second Thomas Shoal, in the disputed South Chi
The Chinese Coast Guard shows a collision between a Chinese Coast Guard ship (R) and Philippines' resupply boat (L) during a resupply mission near the Second Thomas Shoal, in the disputed South Chi

တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်ဘက်က ရန်လို တရားမဝင်လုပ်ရပ် လုပ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံက စွပ်စွဲအပြစ်တင်လိုက်ပါတယ်။ တရုတ်တို့ပိုင်ဆိုင်တယ်လို့ဆိုပြီး ထိန်းချုပ်ထားတဲ့ ကျွန်းလေးနားမှာ ဖိလစ်ပိုင် တံငါသည်တွေအတွက် ဒီနေ့ ရိက္ခာသွားပို့တဲ့ ဖိလစ်ပိုင် အစိုးရသင်္ဘောတွေကို တရုတ် ကမ်းရိုးတမ်းစောင့်တပ်တွေက မီးသတ်ပိတ်တွေနဲ့ထိုးပြီး နှောင့်ယှက်ခဲ့တယ်လို့ ဒီနေ့ စနေနေ့မှာ ဖိလစ်ပိုင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ Scarborough ကျွန်းနားက တရုတ်နဲ့ ဖိလစ်ပိုင်ကြား ရေပြင်ပိုင်နက် ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ နေရာမှာ ပြဿနာ ဖြစ်ခဲ့တာပါ။

အဲဒီနေရာတဝိုက်မှာ ရှိနေတဲ့ ဖိလစ်ပိုင် ငါးဖမ်းလှေ အစင်း ၃၀ ကျော်အတွက် ငါးလုပ်ငန်းဦးစီးဌာနသင်္ဘောတွေက လောင်စာဆီနဲ့ စားနပ်ရိက္ခာသွားပို့စဉ် တရုတ်ကမ်းရိုးတမ်းစောင့်တပ် သင်္ဘောပေါ်က မီးသတ်ပိုက်နဲ့ ထိုးတဲ့ ဗီဒီယိုကို ဖိလစ်ပိုင်ကမ်းရိုးတမ်းစောင့်တပ်က ထုတ်ပြန်ခဲ့ပါတယ်။ ဖိလစ်ပိုင်အစိုးရလုပ်ငန်းတွေကို နှောင့်ယှက်တဲ့ လုပ်ရပ်လို့လည်း ဖော်ပြပြောဆိုပါတယ်။ တရုတ်အစိုးရဘက်ကတော့ သူတို့ရေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ ဖိလစ်ပိုင်သင်္ဘောတွေကို ဥပဒေနဲ့အညီ ကမ်းရိုးတမ်းစောင့်တပ်တွေက ဆောင်ရွက်ခဲ့တယ်လို့ တရုတ်အစိုးရရုပ်သံမှာ ထုတ်ပြန်ခဲ့ပါတယ်။

ရေလမ်းကြောင်းသွားလာရေးအတွက် အရေးပါတဲ့အပြင် သယံဇာတတွေ ပေါများတဲ့ တောင်တရုတ် ပင်လယ်တခုလုံးနီးပါး သူတို့ဆိုင်တယ်လို့ ပြောနေပေမဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဘရူနိူင်းနိုင်ငံတွေကလည်း သူတို့ရေပိုင်နက်တွေရှိတယ်လို့ ပြောထားကြပါတယ်။

XS
SM
MD
LG