သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် ဝန်ကြီးပါတဲ့ လေယာဉ်ပျက်ကျ


ဖိလစ်ပိုင်နိုင်ငံမှာ ပြည်ထဲရေးဝန်ကြီး ပါသွားတဲ့ လေယာဉ်ဟာ အရေးပေါ် ဆင်းသက်ဖို့ ကြိုးစားစဉ်မှာ ပင်လယ်ထဲ ပျက်ကျသွားခဲ့တဲ့ အတွက် ပြည်ထဲရေးဝန်ကြီး အပါအဝင် ၃ ယောက် ပျောက်ဆုံးနေပါတယ်။ ပြည်ထဲရေးဝန်ကြီးလည်းဖြစ်၊ သမ္မတ Benigno Aquino နဲ့ ရင်းနှီးသူလည်း ဖြစ်တဲ့ Jesse Robredo ဟာ စီဘူး (Cebu) မြို့ကနေ သူ့ရဲ့မွေးရပ် နာဂါ (Naga) မြို့ကိုအသွား သူစီးသွားတဲ့ အသေးစား လေယာဉ် ပျက်ကျသွားတာဖြစ်ပါတယ်။

လေယာဉ်မှူးက မက်စ်ဘိတ် (Masbate) ကျွန်းပေါ် အရေးပေါ် ဆင်းသက်ဖို့ လိုတဲ့အကြောင်း အသိပေးခဲ့ပေမဲ့ လမ်းမှာပဲ ပျက်ကျသွားတာ ဖြစ်ပါတယ်။ ကျွန်းအလွန် ပင်လယ်ထဲကို လေယာဉ် ပျက်ကျသွားတာ ဖြစ်တယ်လို့ သယ်ယူ ပို့ဆောင်ရေး ဝန်ကြီးက ပြောပါတယ်။

လေယာဉ်ပေါ်မှာ အားလုံး ၄ ယောက် ပါသွားကြတာဖြစ်ပေမဲ့ ပြည်ထဲရေးဝန်ကြီးရဲ့ အကြံပေးတယောက်ကိုတော့ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဒီနေ့ စနေနေ့ ညပိုင်းရောက်တဲ့အထိ ပျောက်နေဆဲ ၃ ယောက်ကို ရှာလို့ မရကြသေးပါဘူး။
XS
SM
MD
LG