သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ဖိလစ်ပိုင် လွတ်လပ်ရေးနေ့ တက်ရောက်ဖွယ်ရှိ


ဖိလစ်ပိုင် သမ္မတ Benigno Aquino က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခုနှစ်အတွင်း လာရောက်ဖို့ ဖိတ်ကြားချက်ဟာ သင့်တော်ကောင်းမွန်တဲ့ အချိန်ကောင်း ဖြစ်တယ်လို့ ဖိလစ်ပိုင် မနီလာတိုင်းမ် သတင်းစာ အယ်ဒီတာ့အာဘော်မှာ ရေးသားထားပါတယ်။

ဖိလစ်ပိုင် လွတ်လပ်ရေးနေ့ အခါသမယဖြစ်တဲ့ ဇွန်လ ၁၂ ရက်နေ့၊ ဒါမှမဟုတ် အဲဒီမတိုင်ခင် လာရောက်မယ်ဆိုရင် ဒါဟာ နှစ်နိုင်ငံအကြား သမိုင်းဝင်ပြီး အနှစ်သာရရှိတဲ့ ခရီးစဉ်ဖြစ်လိမ့်မယ်လို့ မနီလာတိုင်းမ်မှာ ရေးသားထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည်သွားရောက်မယ့် ပထမဆုံး အာဆီယံ ဒီမိုကရေစီနိုင်ငံ ဖြစ်လိမ့်မယ်လို့လည်း ရေးပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဘက်က သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။ ဖိလစ်ပိုင်နိုင်ငံဟာ မြန်မာ့ဒီမိုကရေစီရေးကို တတ်တတ်ကြွကြွ ထောက်ခံအားပေးခဲ့တဲ့ အာဆီယံနိုင်ငံ ဖြစ်ပါတယ်။

XS
SM
MD
LG