သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် ကူးတို့သင်္ဘော မီးလောင်မှု ခရီးသည်နဲ့ ဝန်ထမ်းအားလုံး လွတ်မြောက်

In this handout photo provided by the Philippine Coast Guard, smoke comes out from Philippine ferry M/V Esperanza Star as it caught fire at the waters off Panglao, Bohol province, central Philippines on Sunday, June 18, 2023 (Philippine Coast Guard via AP)

ဖိလစ်ပိုင်နိုင်ငံမှာ ဒီနေ့ မီးလောင်မှုဖြစ်ခဲ့တဲ့ ခရီးသည်တင် ကူးတို့သင်္ဘောပေါ်မှာပါတဲ့ လူ ၁၂၀ စလုံးကို ကယ်တင်နိုင်ခဲ့တယ်လို့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က ဒီနေ့ ပြောလိုက်ပါတယ်။ သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် ၆၅ ယောက် နဲ့ သင်္ဘောဝန်ထမ်း ၅၅ ယောက်လုံးကို ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံက M/V Esperanza Star ကူးတို့သင်္ဘောဟာ လာဇီဆိပ်ကမ်းကနေ Tagbilaran ဆိပ်ကမ်းကိုသွားစဉ် လမ်းမှာ မီးလောင်မှုဖြစ်ခဲ့တာပါ။

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က သင်္ဘောပေါ်ပါလာတဲ့ ခရီးသည်တွေကို ကယ်တင်ပြီး သင်္ဘောကို မီးငြိမ်းသတ်ခဲ့တာဖြစ်ပြီး၊ သင်္ဘောပေါ်ပါလာတဲ့ ခရီးသည်တွေအားလုံးကို ဘေးလွတ်ရာကို ကယ်တင်နိုင်ခဲ့တယ်လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ရဲ့ ပြောခွင့်ရ Joy Gumatay က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းကတော့ ဖိလစ်ပိုင်တောင်ပိုင်းက Basilan ပြည်နယ်ရဲ့ ကမ်းလွန်မှာ ခရီးသည်တင်သင်္ဘောတစင်း မီးလောင်ခဲ့တာကြောင့် ၂၉ ယောက် သေဆုံးခဲ့ပါတယ်။

XS
SM
MD
LG