သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်ရေလွှမ်းမိုးမှု သေဆုံးသူ ၁,၀၀၀ ကျော်ပြီ


ဖိလစ်ပိုင်ရေလွှမ်းမိုးမှု သေဆုံးသူ ၁,၀၀၀ ကျော်ပြီ
ဖိလစ်ပိုင်ရေလွှမ်းမိုးမှု သေဆုံးသူ ၁,၀၀၀ ကျော်ပြီ

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ ပြီးခဲ့တဲ့သီတင်းပတ်က အပူပိုင်းမုန်တိုင်း ဝင်ရောက်ပြီး ရေကြီးမှုတွေ ဖြစ်ပွားခဲ့တာမှာ သေဆုံးသူဦးရေဟာ ၁,၀၀၀ ကျော် ရှိသွားပြီလို့ ဖိလစ်ပိုင်အစိုးရ အရာရှိတွေက ပြောပါတယ်။ သေဆုံးသူဦးရေဟာ အခုထက် ပိုများလာနိုင်ဖွယ် ရှိနေတယ်လို့လည်း သူတို့က ဆိုပါတယ်။

လူပေါင်း ၁,၀၀၂ ယောက်ရဲ့ အလောင်းတွေကို ကူညီကယ်ဆယ်ရေး ဝန်ထမ်းတွေက ရှာဖွေတွေ့ခဲ့သလို ပျောက်ဆုံးနေသူ အများအပြား ရှိနေတုန်းပဲလို့ အရပ်ဘက် ကာကွယ်ရေးဌာန အကြီးအကဲက ပြောပါတယ်။

အပူပိုင်းမုန်တိုင်းဟာ ပြီးခဲ့တဲ့ သောကြာနေ့ ညနေက ဖိလစ်ပိုင်တောင်ပိုင်းကို ဝင်ရောက်ခဲ့တာမှာ ၁ လစာ ရွာသွန်းတဲ့ မိုးရေပမာဏကို တစ်ရက်အတွင်း ရွာသွန်းသွားခဲ့တာကြောင့် အကြီးအကျယ် ရေကြီးမှုတွေ ဖြစ်နေတာပါ။

ဖိလစ်ပိုင်သမ္မတ Benigno Aquino ဟာ ဒီတိုင်ဖုံး မုန်တိုင်း ရိုက်ခတ်ခဲ့တဲ့ ဒေသကို မနေ့က သွားရောက် ခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေက ရွှံ့နွံတွေထဲကနေ အလောင်းတွေကို ဆွဲထုတ်ပြီး အစုလိုက် မြေမြှုပ် သင်္ဂြိုလ်မှုတွေ လုပ်နေသလို သမ္မတ က နိုင်ငံမှာ ကပ်ဆိုးကျရောက်နေတဲ့ အရေးပေါ်အခြေအနေ ကြေငြာ ထားပါတယ်။

နောက်ထပ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို စီစဉ်ဆောင်ရွက်ဖို့ ဒေသခံ တာဝန်ရှိသူတွေနဲ့လည်း သမ္မတ အကွီနို တွေ့ဆုံခဲ့ပါတယ်။ မုန်တိုင်းကြောင့် အသက်မသေ ကျန်ရစ်သူတွေအတွက် ကယ်ဆယ်ရေး ထောက်ကူပစ္စည်းတွေကိုလည်း သမ္မတက ဖြန့်ဝေပေးခဲ့ပါတယ်။

XS
SM
MD
LG