သုံးရလွယ်ကူစေသည့် Link များ

ဖိလစ်ပိုင် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်


အစိုးရနဲ့ မူဆလင်သူပုန်တို့ကြား ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒေသခံပြည်သူများ။ (စက်တင်ဘာ ၁၄၊ ၂၀၁၃)
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ ရက်အတော်ကြာ တိုက်ပွဲတွေဖြစ်နေခဲ့ပြီးနောက် မူဆလင်သူပုန်တွေ သိမ်းပိုက်ထားတဲ့ နေရာတွေကို အစိုးရတပ်တွေက ပြန်တိုက်ထုတ်ဖို့ ကြိုးစားနေပြီး စနေနေ့မှာ တိုက်ပွဲတွေပြင်းထန်နေခဲ့ပါတယ်။

ဖိလစ်ပိုင် ဒုသမ္မတ Je Jo Mar Binay က သူပုန်ခေါင်းဆောင် Nur Misuari နဲ့ သဘောတူညီမှု ရခဲ့တယ်ဆိုပြီး သောကြာနေ့ကပြောသွားတဲ့ အပစ်အခတ် ရပ်စဲရေးဟာ ဒီနောက်ဆုံး တိုက်ခိုက်မှုတွေကြောင့် ပျက်ပြားသွားရတဲ့သဘော ရှိပါတယ်။ တိုက်ပွဲအတွင်း သေဆုံးသူ ၅၃ ဦးထက်မနည်း ရှိပြီး အဲ့ဒီထဲက ၄၃ ဦးက သူပုန်ဘက်ကဖြစ်တယ်လို့ အစိုးရစစ်တပ်က ပြောပါတယ်။

မိုရိုအမျိုးသားလွတ်မြောက်ရေးတပ်ဦး MNLF သူပုန်တွေ Zamboanga က ဆိပ်ကမ်းမြို့ကို ဝင်စီးပြီး အရာရှိတွေရဲ့အဆို လူသားဒိုင်းအဖြစ်နဲ့အသုံးပြုဖို့ တန်ဆာခံတွေ အများကြီး ဖမ်းဆီးသွားခဲ့တဲ့ တနင်္လာနေ့က စပြီး နှစ်ဘက်ကြား ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေတာပါ။ အဲ့ဒီ့တိုက်ပွဲကြောင့် လူပေါင်း ခြောက်သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အိမ်ပေါင်း ရာနဲ့ချီလည်း မီးထဲပါသွားပါတယ်။

အစိုးရအနေနဲ့ ဒီပဋိပက္ခကို အမြန်ဆုံး အဆုံးသတ်ပေးပါမယ်လို့ တိုက်ပွဲဖြစ်ပွားရာနေရာကနေ အိုးအိမ်စွန့်ခွာထွက်ပြေးကြရတဲ့ ဒေသခံတွေကို သမ္မတ Benigno Aquino က စနေနေ့က ပြောကြားသွားပါတယ်။

တိုက်ခိုက်မှုတွေက ကြိုကြားကြိုကြားတော့ ရှိနေဦးမှာဖြစ်တယ်။ ဒါပေမဲ့ အခြေအနေတွေ ဆိုးဆိုးဝါးဝါး ဒုက္ခဖြစ်ကုန်လောက်တဲ့အထိ သူပုန်တွေလုပ်ဆောင်နိုင်စွမ်း မရှိတော့ပါဘူးလို့ ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG