သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆင့် ၅ Mangkhut စူပါ မုန်တိုင်း ဖိလိပိုင် တိုင်ဝမ် နဲ့ ဟောင်ကောင် ဦးတည်


Forecaster Meno Mendoza shows the path of Super Typhoon Mangkhut, locally named "Typhoon Ompong," as it approaches the Philippines at the Philippine Atmospheric, Geophysical and Astronomical Services Administration in Manila, Sept. 12, 2018.
Forecaster Meno Mendoza shows the path of Super Typhoon Mangkhut, locally named "Typhoon Ompong," as it approaches the Philippines at the Philippine Atmospheric, Geophysical and Astronomical Services Administration in Manila, Sept. 12, 2018.

အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်းမှာ ဟာရီကိန်း မုန်တိုင်းကြီးအတွက် ကြိုတင်ပြင်ဆင်နေကြချိန်မှာပဲ ဒီထက်ပိုမိုအင်အားကြီးမားတဲ့ မုန်တိုင်းကြီးတခုဟာ ဖိလစ်ပိုင်၊ တိုင်ဝမ်နဲ့ ဟောင်ကောင်တို့ကို ဦးတည်နေပါတယ်။

မောင်းကွတ်လို့ နာမည်ပေးထားတဲ့ စူပါ တိုင်ဖုန်းမုန်တိုင်းကြီးဟာ ပစိဖိတ်သမုဒ္ဒရာကို ဝှေ့ယမ်း ဖြတ်သန်းပြီး တနာရီ ၁၁၅ မိုင်ကျော် ပြင်းအားရှိတဲ့အတွက် အန္တလန်တိတ်သမုဒ္ဒရာက ဟာရီကိန်းမုန်တိုင်း အမျိုးအစား အဆင့် (၅)နဲ့ ညီမျှပါတယ်။

မောင်းကွတ် တိုင်ဖုန်းမုန်တိုင်းကြီးဟာ အမေရိကန်ပြည်ထောင်စုနယ်မြေတခုဖြစ်တဲ့ ဂွမ်ကျွန်းကို ဖြတ်သန်းခဲ့တဲ့အတွက် အဲဒီမှာ ရေကြီးတာ၊ ဓါတ်အားပြတ်တောက်တာတွေ ဖြစ်နေပါတယ်။

ဒီမုန်တိုင်းကြီးဟာ ဖိလစ်ပိုင်မြောက်ပိုင်းကို သောကြာနေ့ဝင်ရောက်မှာဖြစ်ပြီး တနင်္ဂနွေနေ့ကျရင် ဟောင်ကောင်နဲ့ တရုတ်ပြည်တောင်ပိုင်း အဲဒီကတဆင့် တိုင်ဝမ်ဘက်ကို ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။

ကုလသမဂ္ဂ ကမ္ဘာ့ဘေးဆိုး ကြိုတင်သတိပေးရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း အဆိုအရ ဒီတိုင်ဖုန်းမုန်တိုင်းဒဏ်ကို လူပေါင်း ၄၃ သန်းကျော် ရင်ဆိုင်ကြရလိမ့်မယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်နိုင်ငံအဖို့ မောင်းကွတ်မုန်တိုင်းကြီးဟာ ဒီနှစ်အတွင်း (၁၅)ခုမြောက် မုန်တိုင်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG