သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်သမ္မတ နိုင်ငံတော်ခရီးစဉ်အဖြစ် အမေရိကန်ကိုထွက်ခွာ

Philippines President Ferdinand 'Bongbong' Marcos Jr.
Philippines President Ferdinand 'Bongbong' Marcos Jr.

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာဟာ သူ့ရဲ့ အမေရိကန် ချစ်ကြည်ရေးခရီးစဉ်ကို ဒီကနေ့ တနင်္ဂနွေနေ့မှာ စတင်ခဲ့ပါတယ်။ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပိုင်နက်ကိစ္စမှာ တရုတ်နဲ့ တင်းမာမှုတွေ တိုးလာနေချိန် အမေရိကန်အစိုးရနဲ့ ဆက်ဆံရေး ခိုင်မာအားကောင်းစေရေး ဖိလစ်ပိုင်ဘက်က ကြိုးပမ်းနေချိန်လည်း ဖြစ်ပါတယ်။ မနီလာမြို့တော်ကနေ အမေရိကန်ပြည်ထောင်စုကို ထွက်ခွာလာပြီဖြစ်တဲ့ သမ္မတမားကို့စ်ရဲ့ ခရီးစဉ်ဟာ လေးရက်တာကြာမြင့်မှာ ဖြစ်ပါတယ်။

တနင်္လာနေ့မှာ အိမ်ဖြူတော်မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ သမ္မတမားကို့စ် ဂျူနီယာတို့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ သူ့ခရီးစဉ်ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အကျိုးစီးပွားကို မြှင့်တင်ဖို့နဲ့ အလွန်အရေးကြီးတဲ့ မဟာမိတ်အမေရိကန်နဲ့ ဆက်ဆံရေးခိုင်မာစေဖို့ ဖြစ်တယ်လို့လည်း သမ္မတမားကို့စ်က ကြေညာခဲ့ပါတယ်။

မကြာသေးခင်က ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောနဲ့ တိုက်မိလုနီးပါး ဖြစ်ခဲ့ပြီးနောက် အငြင်းပွားနေတဲ့ ပင်လင်ရေလမ်းကြောင်းမှာ တရုတ်ကမ်းခြေစောင့်သင်္ဘောတွေရဲ့ ရန်လိုတဲ့ လှုပ်ရှားမှုတွေ၊ အန္တရာယ်ရှိတဲ့ အပြုအမူတွေကို ရပ်တန့်ဖို့ တရုတ်အစိုးရကို အမေရိကန်က တောင်းဆိုပြီးနောက် အခုလို ဖိလစ်ပိုင်သမ္မတရဲ့ အမေရိကန်ခရီးစဉ် ထွက်ပေါ်လာတာပါ။

သမ္မတမားကို့စ် ဂျူနီယာ ခရီးစဉ်မတိုင်ခင် အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Matthew Miller မက်သယူးမီလာက လွန်ခဲ့တဲ့ သီတင်းပတ်က ဖိလစ်ပိုင် ကင်းလှည့်သင်္ဘောတစင်းနဲ့ တရုတ်ကမ်းခြေစောင့် သင်္ဘောတစင်း တိုက်မိလုနီးပါးဖြစ်ခဲ့တဲ့ကိစ္စမှာ တရုတ်ကို ပြစ်တင်ဝေဖန်ခဲ့ပြီး အငြင်းပွားနေတဲ့ ရေပိုင်နက်လမ်းကြောင်းအတွင်း တရုတ်အစိုးရရဲ့ နှောင့်ယှက်ခြိမ်းခြောက်မှုတွေကို သတိပေးပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ တရုတ်ဆက်ဆံရေးဟာ စံချိန်တင်လောက်အောင် တင်းမာနေချိန်မှာ ဖိလစ်ပိုင်ရဲ့ အဓိကပင်လယ်ရေလမ်းကြောင်းတွေနဲ့ ထိုင်ဝမ်ရဲ့ အနေအထားဟာ အမေရိကန်အတွက် မဟာဗျုဟာအရ အထူးအရေးပါနေတာကြောင့် သမ္မတဘိုင်ဒင်အနေနဲ့ အာရှမဟာမိတ်တွေနဲ့ ဆက်ဆံရေးကို မြှင့်တင်နေတာလည်း ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG