သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် အာဏာရှင်ဟောင်း မားကို့စ်အတွက် နိုင်ငံတော် ဈာပန ကျင်းပခွင့်မရ

ဖိလစ်ပိုင်သမ္မတ အကွီနို။
ဖိလစ်ပိုင်သမ္မတ အကွီနို။

ဖိလစ်ပိုင် အာဏာရှင်ဟောင်း Ferdinand Marcos ကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပဖို့ ခွင့်မပြုနိုင်ဘူးလို့ သမ္မတ Benigno Aquino က ပြောပါတယ်။

သမ္မတဟောင်း မားကို့စ်ဟာ ၁၉၈၆ နှစ်မှာ လူထုအင်အားနဲ့ ဖြုတ်ချမခံရခင်အထိ ဖိလစ်ပိုင်နိုင်ငံကို မာရှယ်လောနဲ့ နှစ်ပေါင်း ၂၀ ကျော် အုပ်ချုပ်ခဲ့သူ ဖြစ်ပါတယ်။

သူ့ရဲ့ ရုပ်အလောင်းကို ဖိလစ်ပိုင်နိုင်ငံက နိုင်ငံ့ခေါင်းဆောင်တွေ၊ စစ်သားတွေနဲ့ အနုပညာရှင်တွေသာ သင်္ဂြုံလ်တဲ့ သူရဲကောင်းတို့ရဲ့ သချုႍင်းမှာ မြုပ်နှံဖို့အတွက်
သူ့ရဲ့ ဇနီးဖြစ်သူ Imelda Marcos က ကာလအတော်ကြာကတည်းက Campaign လုပ်နေခဲ့တာပါ။

သူအုပ်ချုပ်ခဲ့စဉ် ကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ အလွန်အကျွန် ကျူးလွန်ခဲ့တဲ့အတွက် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက ဝိုင်းဝန်း ကန့်ကွက်နေကြတာပါ။

သမ္မတ မားကို့စ်လက်ထက်အတွင်း အခွင့်အရေးချိုးဖောက်ခံရသူတွေက သူတို့ခံစားခဲ့ရတာတွေအတွက် အသိအမှတ်ပြုဖို့ တောင်းဆိုနေကြတဲ့
ကာလတလျောက်လုံး အဲဒီလို တောင်းဆိုချက်မျိုးကို ခွင့်ပြုမှာမဟုတ်ဘူးလို့ ဖိလစ်ပိုင်သမ္မတ အကွီနိုက ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပတာပါ။

This item is part of
XS
SM
MD
LG