သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် ပြည်ထဲရေးဝန်ကြီး ခုထိ ရှာမတွေ့သေး


ဖိလစ်ပိုင်နိုင်ငံမှာ စနေနေ့တုန်းက အရေးပေါ် ဆင်းသက်စဉ်မှာ ပျက်ကျသွားတဲ့ လေယာဉ်ငယ်ကို ရှာဖွေဖို့ သင်္ဘောတွေ၊ ရဟတ်ယာဉ်တွေ၊ ရေငုပ်သမားတွေဟာ အပူတပြင်း ကြိုးပမ်းနေကြပါတယ်။ အဲဒီလေယာဉ်နဲ့အတူ လိုက်ပါသွားတဲ့ ဖိလစ်ပိုင် ပြည်ထဲရေးဝန်ကြီး Jesse Robredo နဲ့အတူ လေယာဉ်မှူး နှစ်ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ဖိလစ်ပိုင်သမ္မတ Benigno Aquino ကိုယ်တိုင် နိုင်ငံအလယ်ပိုင်း လေယာဉ်ပျက်ကျသွားတဲ့ Masbate ကျွန်းကို ဒီကနေ့ သွားရောက်ပြီး ရှာဖွေရေး လုပ်ငန်းတွေကို ကြီးကြပ်ခဲ့ပါတယ်။

လေယာဉ်ပေါ်မှာ လူ လေးဦး လိုက်ပါသွားတာ ဖြစ်ပေမဲ့ ပြည်ထဲရေးဝန်ကြီးရဲ့ အကြံပေး အရာရှိတစ်ဦး ကတော့ လွတ်မြောက်သွားပြီး ဒဏ်ရာ အနည်းငယ်ပဲ ရခဲ့ပါတယ်။ ခုချိန်ထိတော့ အဲဒီ ကိုယ်ပိုင်လေ ယာဉ်ရဲ့ တောင်ပံတခုကိုပဲ ပင်လယ်ထဲကနေ ဆယ်ယူရှာဖွေလို့ ရသေးတယ်လို့ တာဝန်ရှိသူတွေ က ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီး Robredo ဟာ နိုင်ငံရဲ့ အမျိုးသား ရဲတပ်ဖွဲ့ကို ကြီးကြပ်ရသူဖြစ်ပြီး အဂတိလိုက်စားမှု ပပျောက်ရေး သူ့ရဲ့လုပ်ဆောင်မှုတွေကြောင့် လူထုကြားမှာ ထင်ရှားကျော်ကြားသူ တဦးလည်း ဖြစ်ပါတယ်။
XS
SM
MD
LG