သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်ငလျင် ၄၀ ကျော် သေဆုံး


ဖိလစ်ပိုင်ငလျင် ၄၀ ကျော် သေဆုံး
ဖိလစ်ပိုင်ငလျင် ၄၀ ကျော် သေဆုံး

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ အင်အားပြင်းတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ဲလို့ အနည်းဆုံး လူ ၄၃ ဦး သေဆုံးပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနဲ့ တခြား ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အမေရိကန် ဘူမိဗေဒ တိုင်းထွာရေးဌာနရဲ့ အညွှန်းကိန်းအရ အင်အား ၆.၈ ပြင်းအားရှိတဲ့ မြေငလျင်ဟာ တနင်္လာနေ့ မနက်နှောင်းပိုင်း အပြည်ပြည်ဆိုင်ရာ စံတော်ချိန် ၀၃၄၉ UTC က မြေအောက် ၂၀ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

လူ ၂၉ ဦးဟာ မြေပြိုကျရာမှာ ပိပြီးတော့ သေဆုံးခဲ့ရတာဖြစ်ပြီး ကျန်လူတွေကတော့ နဂ္ဂရော့စ် မြို့အတွင် အဆောက်အဦးတွေ၊ အိမ်တွေ ပြိုကျရာမှာ သေဆုံးခဲ့ကြတာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဇင်နဲ့ချီတဲ့ လူတွေလည်း ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

နာရီပိုင်းအတွင်း နောက်ဆက်တွဲ မြေငလျင်တွေ တော်တော်များများလည်း ဆက်လှုပ်ခဲ့တယ်လို့ သိရပါတယ်။

ကမ်းရိုးတန်းမြို့ တချို့ကို ကြီးမားတဲ့ ရေလှိုင်းတွေ ရိုက်ပုတ်သွားတယ်ဆိုပေမဲ့ ဆူနာမီအန္တရာယ်တော့ စိုးရိမ်စရာ မရှိဘူးလို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

XS
SM
MD
LG