သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် မုန်တိုင်းကြောင့် သေဆုံးသူတွေ စတင်သဂြုႋဟ်


ဖိလစ်ပိုင်မုန်တိုင်း တိုက်ခတ်ပြီးနောက် ကူညီကယ်ဆယ်နေစဉ်။
ဖိလစ်ပိုင်မုန်တိုင်း တိုက်ခတ်ပြီးနောက် ကူညီကယ်ဆယ်နေစဉ်။
ဖိလစ်ပိုင်နိုင်ငံမှာ မုန်တိုင်းဒုက္ခသည်တွေအနေနဲ့ အရေးပေါ်အကူအညီတွေရဖို့ အမြန်လိုနေချိန်မှာ မုန်တိုင်းဒဏ်အခံရဆုံးဖြစ်တဲ့ Tacloban မြို့မှာ သေဆုံးသွားသူ ဒါဇင်ပေါင်းများစွာကို စုပေါင်းမြေမြုပ်တာ စတင်လိုက်ပါပြီ။

ပြီးခဲ့တဲ့ သောကြာနေ့ကတိုက်ခဲ့တဲ့ ကမ္ဘာ့အပြင်းထန်ဆုံးတွေထဲကတခုဖြစ်တဲ့ ဒီမုန်တိုင်းဒဏ်ခံရတာ တပတ်နီးပါးကြာလာချိန်မှာ ပုတ်ပွလာနေတဲ့ ဒီအလောင်းပေါင်း ၂၀၀ နီးပါးကို Tacloban မြို့မှာ ဒီနေ့ မြေမြုပ်ခဲ့ကြတာပါ။ ဒီမြို့အပြင်ဖက်မှာ ဒီအလောင်းတွေကို တွင်းတခုထဲ စုပြီးမြေမြုပ်ခဲ့ပေမဲ့ တရားဝင်ဝမ်းနည်းခြင်း အခမ်းအနားတော့ မကျင်းပခဲ့ပါဘူး။

ဒါ့အပြင် ဒီအလောင်းတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုလည်း စစ်ဆေးသတ်မှတ်ပေးနိုင်မှုရှိမရှိ မသေချာသေးပါဖူး။ ဒီ့အပြင်လဲ ဒီမြို့ရဲ့ လမ်းမတွေပေါ်မှာ ခုလိုပုတ်ပွလာနေတဲ့ အလောင်းတချို့ အပျက်အစီးတွေအောက်မှာ ကျန်နေပါသေးတယ်။

ခုချိန်ထိ လူပေါင်း ၂၃၀၀ ကျော်သေဆုံးခဲ့တယ်လို့ ဖိလစ်ပိုင်အရာရှိတွေ အတည်ပြုပေးထားပေမဲ့၊ သေဆုံးမှုအရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့ အများက ခန့်မှန်းထားပါတယ်။

ခုလိုအချိန်မှာ နိုင်ငံတကာဘက်က အကူအညီတွေတိုးမြှင့်ပေးဖို့တွေလုပ်နေပေမဲ့ ဒီလေဘေး ဒုက္ခသည်အတော်များများအနေနဲ့ အကူအညီ အနည်းအကျဉ်းသာ ရနေသေးပြီး၊ တချို့ဒေသတွေမှာ အသက်ရှင်သန်နိုင်ဖို့ လုယက်မှုတွေဖြစ်နေပါတယ်။

ဒုက္ခသည်အမျိုးသမီးတဦးတော့ အခု Haiyan မုန်တိုင်းတိုက်ခိုက်အပြီး ဒီနေ့ ၆ ရက်ကြာလာချိန်အထိ ဘာအကူအညီမှ မရသေးဖူး သူမိသားစုအဖွဲ့ဝင်တွေ ဖျားနာပြီး သေလုမျောပါးဖြစ်နေပြီလို့ ထုတ်ပြောခဲ့ပါတယ်။

မနေ့က Tacloban မြို့ကိုရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်း စာနာကူညီမှုဆိုင်ရာ အကြီးအကဲ Valerie Amos ကလည်း အထောက်အပံ့တွေ မရောက်သေးပေမဲ့ ဒေသခံတွေရဲ့ ခံနိုင်ရည်အပေါ်မှာ အံ့အားသင့်မိပေမဲ့၊ သူတို့ခံစားနေရတာအတွက် စိတ်မကောင်းလဲ အကြီးအကျယ်ဖြစ်ရတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

ဒီအချိန်မှာ သောက်ရေသန့် လီတာ သန်းနဲ့ချီတင်ဆောင်သွားတဲ့ အမေရိကန်နိုင်ငံက လေယာဉ်တင်စစ်သင်္ဘောကြီး USS George Washington ဟာ ဖိလစ်ပိုင်နိုင်ငံကို ဒီနေ့ရောက်ရှိသွားပြီး သွားလာရ ခက်တဲ့ဝေးလံခေါင်ဖျားနေရာတွေ ကို အစာရေစာနဲ့ဆေးတွေ ပို့ပေးဖို့ ဖြင်ဆင်နေပါတယ်။

ခုလိုချိန်မှာ တရုတ်နိုင်ငံဘက်ကလည်း ဒီတိုင်ဖုန်းမုန်တိုင်း အရေးပေါ် အကူအညီအနည်းငယ်အဖြစ် တရုတ်ကြက်ခြေနီအဖွဲ့နဲအတူ အစပိုင်း ဒေါ်လာ ၂ သိန်းပေးအပြီးမှာ၊ အခုနောက်ထပ် အမေရိကန် ဒေါ်လာ ၁.၆ သန်းဖို့ လူမှုရေးအကူအညီတွေပေးဖို့ ထပ်ပေးဖို့ဆုံးဖြတ်ထားတယ်၊ ဒီအထဲမှာ ယာယီရွက်ဖျင်တဲတွေနဲ့ စောင်တွေပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ တဦး (Qin Gang) က ဆိုပါတယ်။

အခြားအင်အားကြီးနိုင်ငံတွေကတော့ တရုတ်ထက် အများကြီးပိုပေးဖို့ရှိနေပြီး၊ ဂျပန်နိုင်ငံအနေနဲ့ အမေရိကန်ဒေါ်လာ ၁၀ သန်း၊ သြစတျေးလျက ဒေါ်လာ ၉.၆ သန်းနဲ့ အမေရိကန်က ဒေါ်လာ သန်း ၂၀ ပေးဖို့ရှိနေပါတယ်။
XS
SM
MD
LG