သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်စတဲ့လုပ်ရပ်မလုပ်ဖို့ တရုတ်ကို ဖိလစ်ပိုင်တောင်းဆို


တောင်တရုတ်ပင်လယ်အတွင်းက ဖိလစ်ပိုင်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ အငြင်းပွားနေတဲ့ ကျွန်းစုများ
တောင်တရုတ်ပင်လယ်အတွင်းက ဖိလစ်ပိုင်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ အငြင်းပွားနေတဲ့ ကျွန်းစုများ

တရုတ်အနေနဲ့ အန္တရာယ်များပြီး၊ ရန်စတဲ့ လုပ်ရပ်မှန်သမျှ ချက်ချင်းရပ်ပါလို့ ဖိလစ်ပိုင်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။ တောင်တရုတ်ပင်လယ်ထဲမှာ ဖိလစ်ပိုင်လေတပ် လေယာဉ်တစင်း ဩဂုတ်လ ၂၂ ရက်က ကင်းလှည့်နေစဉ် တရုတ်တို့ အပိုင်စီး နေရာယူထားတဲ့ Subi Reef သန္တာကျောက်တန်းကနေ အချက်ပေးမီးကျည်တွေ အကြောင်းမဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောကြားပြီး အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ဩဂုတ်လ ၁၉ ရက်နေ့ကလည်း ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ Scarborough ကျွန်းစုတွေနား အဲဒီကင်းလှည့်လေယာဉ် ကင်းလှည့်ပျံသန်းနေစဉ် တရုတ်တိုက်လေယာဉ်တစင်း လိုက်လံနှောင့်ယှက်ခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံရဲ့ တောင်တရုတ်ပင်လယ် လေတပ်အထူးတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်ရဲ့ လုပ်ရပ်တွေဟာ ဒေသတွင်း ငြိမ်းချမ်းလုံခြုံရေးကို ထိခိုက်စေပြီး၊ နိုင်ငံတကာမှာ တရုတ်နိုင်ငံရဲ့ ပုံရိပ်ကိုလည်း ထပ်မံထိခိုက်စေတယ်လို့ ဒီထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံဘက်က ပြောကြားတဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ တရုတ်ဘက်ကတော့ တစုံတရာ တုံ့ပြန်ခြင်း မရှိသေးပါဘူး။

တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံကြား ရေပြင်နယ်နိမိတ် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲမှာ တဘက် သင်္ဘောကို တဘက်က ဝင်တိုက်တယ်လို့ ၂ နိုင်ငံ အပြန်အလှန် စွပ်စွဲထားပြီး မကြာခင်မှာ အခုလို ဖိလစ်ပိုင်ဘက်က ထုတ်ပြန်တာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG