ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းမှာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းက မုန်တိုင်းတိုက်ခတ်ပြီး ရေလွှမ်းမိုးမှုကြောင့် သေဆုံးခဲ့ရတဲ့ ရာနဲ့ချီတဲ့လူတွေရဲ့ ရုပ်အလောင်းတွေကို အစုလိုက်အပြုံလိုက် မြေမြှုပ်သဂြုင်္ိဟ်ဖို့ စီစဉ်နေကြောင်း အစိုးရ တာဝန်ရှိသူတွေက တနင်္လာနေ့မှာ ပြောဆိုလိုက်ပါတယ်။
တချို့သေဆုံးသူတွေရဲ့ ဆွေမျိုးတော်စပ်သူတွေက ကန့်ကွက်မှုတွေ ရှိနေပေမဲ့ ကျန်းမာရေး အခြေအနေကို ထောက်ရှုပြီး ဒီလို အစုလိုက်အပြုံလိုက် မြေမြှုပ်သဂြုင်္ိဟ်တဲ့ အစီအစဉ်ကို ဒီကနေ့ အင်္ဂါနေ့မှာ စတင်ပြုလုပ်မှာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
တနင်္လာနေ့က ရရှိထားတဲ့ စာရင်းအရ သေဆုံးသူ အရေအတွက်ဟာ ၉၂၇ ယောက်ကျော် ရှိသွားပြီဖြစ်ပြီး အများစုဟာ ကလေးတွေနဲ့ အမျိုးသမီးတွေဖြစ်တယ်လို့ ဆိုပါတယ်။ ပျောက်ဆုံးနေသူ အရေအတွက်ဟာ ဆိုရင်လည်း ၈၀၀ ကျော် ရှိနေပါတယ်။
ပုပ်ပွနေတဲ့ ရုပ်အလောင်းတွေက ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုတစ်ခုလို ဖြစ်နေကြောင်း မြို့ပိုင် လောရင့်စ်ခရုစ်က ပြောဆိုပါတယ်။
အစုလိုက်အပြုံလိုက် မြေမြှုပ်သဂြုင်္ိဟ်ဖို့ အမိန့်ပေးရတာကလည်း မြို့ရဲ့ ကျန်းမာရေးဌာနရဲ့ အကြံပေးမှုကြောင့် ပြုလုပ်ရတာဖြစ်တယ်လို့ သူကပြောပါတယ်။