[[Zawgyi/Unicode]]
ဒီအပတ္ သမၼတေ႐ြးေကာက္ပြဲမွာအႏိုင္ရၿပီလို႔ ယခင္ အာဏာရွင္ရဲ႕သား၊ သမၼတေလာင္း Ferdinand Marcos Jr. က ဗုဒၶဟူးေန႔မွာ ေၾကညာလိုက္ ပါတယ္။ လူ႔အခြင့္အေရး၊ တရားဥပေဒ စိုးမိုးေရးနဲ႔ ဒီမိုကေရစီကို ေလးစားဖို႔ ေတာင္းဆိုခ်က္ေတြနဲ႔ သူက ေစာေစာစီးစီး ရင္ဆိုင္ေနရပါၿပီ။
တနလၤာေန႔မွာ ထည့္ခဲ့ၾကတဲ့ မဲေတြအရ မာကို႔စ္ဂ်ဴနီယာက မဲ ၃၁ သန္းေက်ာ္ ရရွိခဲ့တယ္လို႔ တရားမဝင္ စာရင္းေတြက ေျပာပါတယ္။ ဖိလစ္ပိုင္ ေ႐ြးေကာက္ပြဲသမိုင္းမွာ ဆယ္စုမ်ားစြာအတြင္း လူထုေပးတဲ့ မဲအမ်ားဆုံးရခဲ့တဲ့ သမၼတေတြထဲက တေယာက္ ျဖစ္လာလိမ့္မယ္လို႔ ခန႔္မွန္းေနၾကပါတယ္။ ဒုတိယ သမၼတေ႐ြးေကာက္ပြဲမွာလည္း သူနဲ႔တြဲဘက္ Sara Duterte ကလည္း ေသာင္ၿပိဳကမ္းၿပိဳ ႏိုင္ပုံရေနပါတယ္။
မဲရလာဒ္ေတြကို လႊတ္ေတာ္က အတည္ျပဳၿပီးတဲ့ေနာက္ ဇြန္လ ၃၀ ရက္ေန႔မွာ သမၼတနဲ႔ ဒုတိယသမၼတတို႔က သမၼတတာဝန္ေတြကို စတင္ ထမ္းေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။ ဖိလစ္ပိုင္သမၼတရာထူးက ၆ ႏွစ္ သက္တမ္းရွိၿပီး တဆက္သာ ထမ္းေဆာင္ခြင့္ ရွိပါတယ္။
သမၼတအသစ္ဟာ ကိုဗစ္အလြန္ စီးပြါးေရးကို ကိုင္တြယ္ရမွာျဖစ္ၿပီး ဆင္းရဲမႈ၊ မညီမွ်မႈ၊ မူဆလင္နဲ႔ ကြန္ျမဴနစ္သူပုန္ထမႈနဲ႔ ႏိုင္ငံေရးအရ စိတ္ဝမ္းကြဲျပားေနမႈေတြကို ဆက္ခံၾကရမွာ ျဖစ္ပါတယ္။ ဒီ ျပႆနာေတြကလည္း ယခင္သမၼတေတြ ျဖစ္ၾကၿပီး သူတို႔ဖခင္ေတြ ျဖစ္ၾကတဲ့ ဖာဒီနန္မာကို႔စ္ အႀကီးနဲ႔ ဒူတာေတတို႔လက္ထက္မွာ အဲဒီ ျပႆနာေတြက ႀကီးလာခဲ့တာပါ။
မားကို႔စ္အငယ္နဲ႔ အနီးဆုံးၿပိဳင္ဘက္ လူ႔အခြင့္အေရးေရွ႕ေန လက္ရွိ ဒုတိယသမၼတ Leni Robredo ကေတာ့ မားကို႔စ္ အငယ္က မဲမ်ားစြာနဲ႔ အသာရေနတာကို အသိအမွတ္ျပဳလိုက္ပါတယ္။
#PhilippinesElection #FerdinandMarcosJr. #VOABurmese #ဖိလစ္ပိုင္သမၼတေရြးေကာက္ပြဲ #မားကို႔စ္ဂ်ူနီယာ #ဗီြအိုေအ
==============
[[Unicode]]
ရွေးကောက်ပွဲအနိုင်ရပြီလို့ ဖိလစ်ပိုင်သမ္မတလောင်း Marcos Jr. ကြေညာ
ဒီအပတ် သမ္မတရွေးကောက်ပွဲမှာအနိုင်ရပြီလို့ ယခင် အာဏာရှင်ရဲ့သား၊ သမ္မတလောင်း Ferdinand Marcos Jr. က ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက် ပါတယ်။ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ဒီမိုကရေစီကို လေးစားဖို့ တောင်းဆိုချက်တွေနဲ့ သူက စောစောစီးစီး ရင်ဆိုင်နေရပါပြီ။
တနင်္လာနေ့မှာ ထည့်ခဲ့ကြတဲ့ မဲတွေအရ မာကို့စ်ဂျူနီယာက မဲ ၃၁ သန်းကျော် ရရှိခဲ့တယ်လို့ တရားမဝင် စာရင်းတွေက ပြောပါတယ်။ ဖိလစ်ပိုင် ရွေးကောက်ပွဲသမိုင်းမှာ ဆယ်စုများစွာအတွင်း လူထုပေးတဲ့ မဲအများဆုံးရခဲ့တဲ့ သမ္မတတွေထဲက တယောက် ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒုတိယ သမ္မတရွေးကောက်ပွဲမှာလည်း သူနဲ့တွဲဘက် Sara Duterte ကလည်း သောင်ပြိုကမ်းပြို နိုင်ပုံရနေပါတယ်။
မဲရလာဒ်တွေကို လွှတ်တော်က အတည်ပြုပြီးတဲ့နောက် ဇွန်လ ၃၀ ရက်နေ့မှာ သမ္မတနဲ့ ဒုတိယသမ္မတတို့က သမ္မတတာဝန်တွေကို စတင် ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်သမ္မတရာထူးက ၆ နှစ် သက်တမ်းရှိပြီး တဆက်သာ ထမ်းဆောင်ခွင့် ရှိပါတယ်။
သမ္မတအသစ်ဟာ ကိုဗစ်အလွန် စီးပွါးရေးကို ကိုင်တွယ်ရမှာဖြစ်ပြီး ဆင်းရဲမှု၊ မညီမျှမှု၊ မူဆလင်နဲ့ ကွန်မြူနစ်သူပုန်ထမှုနဲ့ နိုင်ငံရေးအရ စိတ်ဝမ်းကွဲပြားနေမှုတွေကို ဆက်ခံကြရမှာ ဖြစ်ပါတယ်။ ဒီ ပြဿနာတွေကလည်း ယခင်သမ္မတတွေ ဖြစ်ကြပြီး သူတို့ဖခင်တွေ ဖြစ်ကြတဲ့ ဖာဒီနန်မာကို့စ် အကြီးနဲ့ ဒူတာတေတို့လက်ထက်မှာ အဲဒီ ပြဿနာတွေက ကြီးလာခဲ့တာပါ။
မားကို့စ်အငယ်နဲ့ အနီးဆုံးပြိုင်ဘက် လူ့အခွင့်အရေးရှေ့နေ လက်ရှိ ဒုတိယသမ္မတ Leni Robredo ကတော့ မားကို့စ် အငယ်က မဲများစွာနဲ့ အသာရနေတာကို အသိအမှတ်ပြုလိုက်ပါတယ်။
#PhilippinesElection #FerdinandMarcosJr. #VOABurmese #ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲ #မားကို့စ်ဂျူနီယာ #ဗွီအိုအေ
==============