သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားရဟတ်ယာဉ်ဝယ်ဖို့သဘောတူညီချက် ဖိလစ်ပိုင်ပြန်ဖျက်သိမ်း


ဖိလစ်ပိုင်ကာကွယရေးဝန်ကြီး Delfin Lorenzana
ဖိလစ်ပိုင်ကာကွယရေးဝန်ကြီး Delfin Lorenzana

[[Zawgyi/Unicode]]

အမေရိကန်က ပိတ်ဆို့အရေးယူမှာကိုစိုးရိမ်တဲ့အတွက် ရုရှားလုပ် သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ၁၆ စီး ဝယ်ယူမယ့်အစီအစဉ်ကို ဖိလစ်ပိုင်အစိုးရ ဖျက်လိုက်ပါတယ်။ ဒီရဟတ်ယာဉ်တွေဝယ်ယူဖို့ အမေရိကန် ဒေါ်လာ ၂၂၇ သန်း တန်ဖိုးရှိ အရောင်းအဝယ်စာချုပ်ကို ကနဦးအားဖြင့် သမ္မတ Rodrigo Duterte က အတည်ပြုခဲ့ပေမယ့် သမ္မတသက်တမ်းအကုန် ဇွန် ၃၀ ရက်မတိုင်မီမှာ သူ ဖျက်ခဲ့တယ်လို့ အရင်ကာကွယ်ရေးဝန်ကြီး Delfin Lorenzana က အေပီသတင်းဌာနကို အင်္ဂါနေ့က ပြောပါတယ်။

သဘောတူညီချက်ကို ရုရှားနဲ့ မနှစ် နိုဝင်ဘာလမှာ လက်မှတ်ထိုးခဲ့ပြီး သဘောတူညီချက်အရ ပထမဆုံးအသုတ် ရဟတ်ယာဉ်တွေကို ၂ နှစ်အတွင်း ရုရှားက ပို့ပေးရမှာ ဖြစ်ပါတယ်။ ဒီ အရောင်းအဝယ်ကြောင့် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူတာခံရနိုင်တယ်လို့ သူက ဆိုပါတယ်။ အမေရိကန်-ရုရှား တင်းမာမှုတွေ ဖြစ်လာတာကြောင့် အမေရိကန်က ဒီကိစ္စအပေါ် မလိုလားကြောင်း ပြသခဲ့တယ်လို့ သူက ပြောပါတယ်။ အမေရိကန်ဘက်ကလည်း ဖိလစ်ပိုင်စစ်တပ်အတွက် အလားတူ ရဟတ်ယာဉ်တွေကို ရောင်းဖို့ ကမ်းလှမ်းခဲ့တယ်လို့ သူက ဆိုပါတယ်။

ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကိုရပ်ဖို့ ကုလသမဂ္ဂက မတ်လမှာ ဆုံးဖြတ်ခဲ့စဉ်ကလည်း ဖိလစ်ပိုင်ဟာ အဆိုကို ထောက်ခံခဲ့တာပါ။ သမ္မတ ဒူတာတေးလက်ထက်မှာ တရုပ် ရုရှားတို့နဲ့ နီးနီးစပ်စပ် ဆက်ဆံခဲ့ပေမယ့် ဖိလစ်ပိုင်ဟာ အမေရိကန်နဲ့ စာချုပ် ချုပ်ဆိုထားတဲ့ မဟာမိတ်နိုင်ငံလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]





XS
SM
MD
LG