သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်မှာ မင်ဒါနာအိုဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိ


Mindanao, Philippines
Mindanao, Philippines

ဖိလစ်ပိုင်နိုင်ငံမှာ မငြိမ်မသက်ဖြစ်နေတဲ့ မွတ်ဆလင်နယ်မြေတခုဖြစ်တဲ့ မင်ဒါနာအို ဒေသကို ဒေသန္တရ ကိုယ်ပိုင် အုပ်ချုပ်ရေးပေးမယ့် ဥပဒေတရပ်ကို ဖိလစ်ပိုင် ကွန်ဂရက် လွှတ်တော်က တခဲနက်အတည်ပြုလိုက်ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိဖို့အတွက် ရာစုဝက်ကြာဖြစ်ပွားတဲ့ပဋိပက္ခအတွင်း လူပေါင်း ၁ သိန်း၊ ၂ သောင်းကျော် သေဆုံးထားပြီး IS အကြမ်းဖက်အုပ်စုပါ ပါဝင်ပတ်သက် လာပါတယ်။ Bangsamoro Organic Law လို့ခေါ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးဥပဒေကို ဒီသီတင်းပတ်အတွင်းမှာပဲ ကွန်ဂရက်လွှတ်တော်က အတည်ပြုပြီး သမ္မတက လက်မှတ် ရေးထိုးလိုက်တာပါ။

မင်ဒါနာအိုအနောက်ပိုင်းနဲ့ ကျွန်းစုတွေမှာ မွတ်ဆလင်တွေနေထိုင်လာတာ နှစ်ပေါင်း ၅၀၀ ကျော်နေပြီဖြစ်ပြီး လူများစုခရစ်ယာန်တွေက စီးပွားရေးအရ ချုပ်ကိုင်ထားတာ ကို မွတ်ဆလင်တွေက အဓိက မကျေမနပ် ဖြစ်နေကြတာပါ။ အခုလိုမျိုး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရှိမယ့် အလားအလာ ပေါ်လာပေမယ့် သီးခြားစစ်တပ်တော့ ထားရှိမှာ မဟုတ်ပါဘူး။

ဖိလစ်ပိုင်မှာ မင်ဒါနာအိုဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိ
please wait

No media source currently available

0:00 0:00:39 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG