သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် မြို့တော်ဝန် ခေါင်းပန်းလှန် ရွေး


ဖိလစ်ပိုင်နိုင်ငံ ရွေးကောက်ပွဲမြင်ကွင်း
ဖိလစ်ပိုင်နိုင်ငံ ရွေးကောက်ပွဲမြင်ကွင်း
ဖိလစ်ပိုင်နိုင်ငံ San Teadoro မြို့မှာ တနင်္လာနေ့က ကျင်းပခဲ့တဲ့ မြို့တော်ဝန်ရွေးကောက်ပွဲအတွင်း ကိုယ်စားလှယ်လောင်းနှစ်ဦးစလုံး မဲအရေအတွက် အတူတူရခဲ့ကြတဲ့အတွက် ခေါင်းပန်းလှန်ပြီးတော့ အဆုံးအဖြတ် ပေးလိုက်ကြပါတယ်။

Mindoro Oriental ပြည်နယ်အတွင်းက San Teodoro ဆိုတဲ့ လယ်ယာလုပ်ကိုင်စားကြတဲ့ အဲ့ဒီ့မြို့ကလေးမှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ ရလာဒ်ကို ခေါင်းပန်း ၅ကြိမ်စီလှန်ပြီး ခေါင်း အများဆုံးရတဲ့သူကို အနိုင်ပေးလိုက်တာဖြစ်ပါတယ်။ လက်ရှိအာဏာရပါတီ Liberal ပါတီကိုယ်စားလှယ်လောင်း Marvic Feraren က ပြိုင်ဖက်ကိုယ်စားလှယ်လောင်း Boyet Py ကို အနိုင်ရသွားပါတယ်။

ဒါပေမဲ့ ပထမတစ်ကြိမ် ခေါင်းပန်းလှန်တဲ့အခါ အဖြေက တိုက်နေသေးတဲ့အတွက် ဒုတိယအကြိမ် ထပ်ပြီး ခေါင်းပန်းလှန်ခဲ့ကြရတာပါ။
အဆုံးသတ်မှာတော့ ထွက်လာတဲ့အဖြေကို ကိုယ်စားလှယ်လောင်း နှစ်ဦးစလုံးက လက်ခံပြီး လက်ဆွဲ နှုတ်ဆက်ခဲ့ကြပါတယ်။ အခုလိုခေါင်းပန်းလှန်ပြီး အဆုံးအဖြတ်ပေးတဲ့ ရလာဒ်ကို လက်ခံကြောင်း ဖိလစ်ပိုင် ရွေးကောက်ပွဲ ဥပဒေမှာ ပြဌာန်းထားပါတယ်။
XS
SM
MD
LG