သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် ခရီးသွားတွေ သေဆုံးမှု ဖိလစ်ပိုင် စုံစမ်းစစ်ဆေးမည်


ဟောင်ကောင် ခရီးသွားတွေ သေဆုံးမှု ဖိလစ်ပိုင် စုံစမ်းစစ်ဆေးမည်
ဟောင်ကောင် ခရီးသွားတွေ သေဆုံးမှု ဖိလစ်ပိုင် စုံစမ်းစစ်ဆေးမည်

ဟောင်ကောင် ကမ္ဘာလှည့် ခရီးသည် ၈ ယောက် သေဆုံးခဲ့ရတဲ့ ဖိလစ်ပိုင်က ပြန်ပေးဆွဲ ဓားစာခံ ဖြစ်ရပ်ကို ကိုင်တွယ် ဖြေရှင်းခဲ့ပုံအပေါ် စုံစမ်းစစ်ဆေးမှုတခု လုပ်ပြီး တွေ့ရှိခဲ့တာကို တရုတ်တို့ကို ပြောပြဖို့အတွက် ဖိလစ်ပိုင် ထိပ်တန်းတာဝန်ရှိသူ ၂ ဦး တရုတ်နိုင်ငံဆီ သွားဖို့ရှိပါတယ်။

ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးမှု တခုကို သေသေချာချာ လုပ်သွားမယ်ဆိုတာ တရုတ်က ရောက်လာတဲ့ ကိုယ်စားလှယ်အဖွဲ့ တဖွဲ့နဲ့အတူ ဒီကနေ့ အင်္ဂါနေ့ လေဆိပ်မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ဖိလစ်ပိုင် ဒုတိယသမ္မတ ဂျီဂျိုမာ ဘီနေး (Jejomar Binay) နဲ့ နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘာတို ရိုမူလို (Alberto Romulo) တို့က ကတိပေးခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုက ရလာတဲ့ ရလဒ်တွေကို သူတို့ကိုယ်တိုင် လာပေးပါ့မယ်လို့ သူတို့က ပြောပါတယ်။

မနီလာမြို့တော်မှာ ဖြစ်ခဲ့တဲ့ ပြန်ပေးဆွဲ ဓားစာခံ ဖြစ်ရပ်အပေါ် ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ဟောင်ကောင် တာဝန်ရှိသူတွေက အပြင်းအထန် ဝေဖန် ပြောဆိုခဲ့ကြပါတယ်။

ပြန်ပေးဆွဲ သေနတ်သမားက ဓားစာခံတွေကို ပစ်သတ်နေချိန်မှာ အဖမ်းခံထားရတဲ့ ကမ္ဘာလှည့် ခရီးသည်တွေပါတဲ့ ဘတ်စ်ကားရဲ့ ပြူတင်းပေါက်ကို ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ထိုးခွဲနေပုံကို ကမ္ဘာတဝန်းမှာ ရုပ်မြင်သံကြားကတဆင့် တွေ့ခဲ့ကြရပါတယ်။

တရုတ်နဲ့ ဟောင်ကောင် တာဝန်ရှိသူတွေက သူတို့ရဲ့ နိုင်ငံသားတွေကို ဖိလစ်ပိုင်နိုင်ငံဆီ ခရီးမသွားဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG